ဆာလင်းကြီး၊ ဖေဖော်ဝါရီလ ၃၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံကျွန်းကျေးရွာတောင်ဘက်ရှိ Mytel တာဝါတိုင်ကို ဒေသခံပူးပေါင်းအဖွဲ့တွေ ဖျက်စီးပစ်နိုင်ခဲ့ပြီး အစိတ်အပိုင်းအချို့ကို လက်နက်လုပ်ဖို့ ယူဆောင်ခဲ့တယ်လို့ ကိုယ်တိုင်ပါဝင်ခဲ့သူတဦးက ပြောပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့က ဖြိုလှဲခဲ့တာဖြစ်ပြီး တာဝါတိုင်ထဲက စက်ပစ္စည်းအချို့ဟာ တော်လှန်ရေးအတွက် မိုင်းဆင်တဲ့နေရာမှာ အသုံးပြုရကြောင်းလည်း သိရပါတယ်။
"ကျနော်ကိုယ်တိုင်လုပ်ခဲ့တာပါဗျ၊ အထဲကပစ္စည်းတွေကတော့ လက်နက်လုပ်ဖို့ရှိပါတယ်။ စားဗစ်ကြိုးတွေကတော့ လက်လုပ်မိုင်းအတွက် အသုံးဝင်လို့ပါဗျ" လို့ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ Monywa Lighting PDF တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
အဲဒီလူပ်ရှားမူကို Monywa Lightning PDF၊ Black Wolf Defence force၊ Chaung U Local Defence Force၊ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် Chaung U Revolution Army၊ Farmers Revolution Force CHU၊ ဗိုလ်မိုးကြိုးနဲ့ အဖွဲ့သားများ၊ Monywa Underground Revolution၊ Black Eagle People's Defence Force၊ Dragon Brother's People's Defence Force၊ Monywa Brave Hearts-MBH တို့က ပူးပေါင်းဖျက်စီးခဲ့တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment