စစ်ကိုင်းတိုင်းဆားလင်းကြီး PDF စခန်းမီးရှို့ဖျက်ဆီးခံရ


စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ  PDF စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ ဖျက်ဆီးသွားခဲ့ကြောင်း Salingyi Special Task Force- SSTF ကယနေ့ ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၁ရက်  နေ့လယ်၂နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးလာရာတွင်  စခန်းအားတွေ့ရှိသွားခဲ့ပြီး ဝင်ရောက်မီးရှို့ ဖျက်ဆီးသွားခြင်းဖြစ်သည်။ 

"စခန်းနဲ့ခပ်ဝေးဝေးမှာရှိတဲ့ ပြည်သူများရဲ့ တောတိုက်၂လုံးကိုလည်း စခတွေကမီးရှို့သွားခဲ့ပါတယ်။  တောတိုက်၂လုံးက  ပြည်သူတွေရဲ့ကောက်ပဲသီးနှံများနဲ့ ငွေကြေးအချို့လည်း မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်"ဟု SSTFက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများက စခန်းအား ဝင်ရောက်မီးရှို့ဖျက်ဆီးရာတွင် ရဲဘော်များထိခိုက်ကျဆုံးမှုမရှိသော်လည်း  ဆိုင်ကယ် ၄ စီး၊ မီးစက်၊ ဒိုင်နမို၊ ဝရိန်ပုံး၊  ကျောက်စက် စသည့်ဖောက်ခွဲရေးပြုလုပ်ရာတွင်အသုံးပြုသောပစ္စည်းများနှင့် ရိက္ခါများပျက်စီးသွားကြောင်း SSTFက ထုတ်ပြန်ထားသည်။

" ခန့်မှန်း ခြေတန်ဖိုး သိန်း၂၃၀ခန့် ပျက်စီးသွားပါသဖြင့် မိမိတို့ တပ်ဖွဲအနေဖြင့် အကူညီလိုအပ်နေပါတယ်ခင်ဗျာ။ မိဘပြည်သူများထံမှတတ်အားသမျှ  ထောက်ပံ့မှုကို ကျနော်တို့မှအားနာစွာဖြင့်ပဲ တောင်းခံလိုက်ရပါတယ်ခင်ဗျာ"ဟု SSTFက မေတ္တာရပ်ခံ ထုတ်ပြန်သည်။


Lu Nge Khit

စစ်ကိုင်းတိုင်းဆားလင်းကြီး PDF စခန်းမီးရှို့ဖျက်ဆီးခံရ စစ်ကိုင်းတိုင်းဆားလင်းကြီး PDF စခန်းမီးရှို့ဖျက်ဆီးခံရ Reviewed by THITHTOOLWIN on 19:54 Rating: 5

No comments:

Powered by Blogger.