ပျူစောထီးအဖွဲ့၏ စားသောက်ကုန်များအား မင်းကင်း PDF ဖမ်းဆီးပြီး စစ်ကောင်စီမီးရှို့ခဲ့သည့် ရွာများသို့ ပေးပို့
မဲခေါင်၊ ဖေဖော်ဝါရီ ၁၂
ချင်းတွင်းမြစ်အတွင်း ရေယာဥ်ဖြင့်သယ်ဆောင်လာသည့် ပျူစောထီးအဖွဲ့ဝင်များ၏ လူသုံးကုန်၊ စားသောက်ကုန်နှင့် ရေနံပေပါများအား မင်းကင်း PDF က ဖမ်းဆီးပြီး စစ်ကောင်စီမီးရှို့ခဲ့သည့် ကျေးရွာများသို့ ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်သည်။
မင်းကင်းမြို့နယ် ပန်းဆက်၊ တောင်ဖြူရွာနှင့် အခြားကျေးရွာများမှ ပျူစောထီးအဖွဲ့ ဝယ်ယူထားသော ပစ္စည်းများအား ဖေဖော်ဝါရီ ၁၁ တွင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အရက်ဖာများအား ဖျက်ဆီးခဲ့သည်ဟုဆိုသည်။
သိမ်းဆည်းပို့ဆောင်ခဲ့သည့် ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုး သိန်း ၁၅၀ ကျော်မည်ဟု ခန့်မှန်းထားသည်။
ပျူစောထီးအဖွဲ့နှင့် စစ်ကောင်စီဆက်စပ်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း၊ ဝယ်ယူခြင်း လုံးဝ မလုပ်ကြပါရန်နှင့် အကြောင်းကြောင်းကြောင့် သယ်ယူခဲ့ရသည်ရှိသော် သတင်းပေးအကြောင်းကြားပြီး ပြည်သူဘက်မှ ရဲရဲဝင့်ဝင့် ရပ်တည်ပေးကြပါရန် ထပ်မံ မေတ္တာရပ်ခံထားသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment