ဆောမြို့ရှိ မြို့မရဲစခန်းအပါအဝင် ကြံ့ခိုင်ရေးရုံးနှင့် စစ်ကောင်စီလက်အောက် ခံ ရုံးဌာနတချို့ကို PDFများ တိုက်ခိုက်
Photo- People defence Force - Saw Township |
မကွေး၊ ဖေဖော်ဝါရီ ၄
မကွေးတိုင်း ဆောမြို့ရှိ မြို့မရဲစခန်းအပါအဝင် ကြံ့ခိုင်ရေးရုံးနှင့် စစ်ကောင်စီလက်အောက်ခံ ရုံးဌာနတချို့ကို ဖေဖော်ဝါရီလ ၄ ရက်တွင် တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
ဆောမြို့ မြို့မရဲစခန်းရှိ ဂတ်စာရေးရုံးကို တိုက်ခိုက်ဖျက်ဆီးနေစဉ် စစ်ကောင်စီ ၏ တပ်သားများသည် မြို့နယ် ခန်းမအတွင်းသို့ ထွက်ပြေးပုန်းခိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် မြိုမရဲစခန်းကို တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ၏ လက်အောက်ခံရုံးဌာ နများ ဖြစ်သည့် မီးသတ်၊ ကျေးလက်ဦးစီး၊ မြေစာရင်း၊ စီမံကိန်း၊ စိုက်ပျိုးရေး၊ စည်ပင်နှင့် သစ်တောရုံးတို့ရှိ စာရွက်စာ တမ်းများကို ဝင်ရောက်ဖျက်ဆီးခဲ့ကြသည်။
ထို့ပြင် ပြည်သူပိုင်မြေပေါ်တွင် ကျူးကျော်တည်ဆောက်ထားသည့် ကြံ့ခိုင်ရေးရုံးနှင့် ကြံ့ခိုင်ရေးအမတ်ဟောင်း ပိုင်ဆိုင်သော G99 စားသောက်ဆိုင်တို့ကိုပါ ဖောက်ခွဲဖျက်ဆီးပစ်ခဲ့သည်ဟု ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဆိုသည်။
အဆိုပါ တိုက်ခိုက်ဖျက်ဆီးမှုများကို ဆော၊ ယော၊ ကျောက်ထု၊ ဆိပ်ဖြူ၊ ညောင်ရမ်း အစရှိသည့် ဒေသများမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ တပ်သားများ သေဆုံးထိခိုက်မှုရှိနိုင်သော်လည်း အရေအတွက်ကို မသိရှိရသေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Lu Nge Khit
No comments:
Post a Comment