တမူး PDF အပါအဝင်မဟာမိတ် ၃ ဖွဲ့ က စစ်ကောင်စီတပ်ကင်းပုန်းတစ်ခုကို အလစ်ငိုက် ဝင်တိုက်ရာ စစ်သား ၂ ဦးသေဆုံး
တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်အပါအဝင် မဟာမိတ် ၃ ဖွဲ့ပေါင်း၍ စစ်ကောင်စီတပ် ကင်းပုန်းတစ်ခုကို အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့သည်ဟု တမူး PDF က ယနေ့ ဖေဖော်ဝါရီလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကိုင်းဒေသကြီး တမူးမြို့ မှ ကလေးမြို့သို့အထွက် ( ၃)မိုင် အကျော်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (GTHS )ကျောင်းအတွင်း တပ်စွဲ၍ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား People's Defense Force (Tamu)တပ်ရင်း-၄ (TSG)၊ Burma Student Organization (BSO)၊ ပကဖ ပူးပေါင်းအဖွဲ့က ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက် ညနေ ၄ နာရီခွဲဝန်းကျင်အချိန်၌ အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်တွင်အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည်ဟုအတည်ပြု သိရှိရကြောင်း နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး ထိခိုက်မှု မရှိဘဲ ဘေးကင်းလုံခြုံစွာဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
နောက်နောင်တွင်လည်း မဟာမိတ်အင်အားစုများသည် မြေပြင်စစ်ဆင်ရေးများကို အတူတကွ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်ဟုတမူး PDF က ထုတ်ပြန်ထားသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment