လောင်းရှည်မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ကို လောင်း ရှည်-PDFနှင့် YDFပူးပေါင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်အဆင့်ပါ ၂ ဦးသေ
ဖေဖော်ဝါရီ ၅ ရက်
မကွေးတိုင်း၊ ဆောမြို့နယ်၊လောင်းရှည်ဒေသ၊ လောင်းရှည် ရဲကုန်းနှင့်မီးသတ်ကုန်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ ဖေဖော်ဝါရီ ၄ ရက် မနက် ၇ နာရီဝန်းကျင်က လောင်းရှည်ဒေသကာကွယ်ရေးတပ်ဖွဲ့- LSRPDF နှင့် YDF(ဆော/ ကျောက်ထု)တပ်ဖွဲ့တို့က ပူး ပေါင်းတိုက်ခိုက်ခဲ့ကြောင်း LSRPDF ကသတင်းထုတ် ပြန်သည်။
လောင်းရှည်မြို့အတွင်းစစ်ကောင်စီတပ်၏ကပစ (၂၅) တပ်ကအခိုင်အမာတပ်စွဲထားခြင်းဖြစ်ပြီး အဆိုပါ ရဲ စခန်းကုန်းနှင့် မီးသတ်ကုန်းလို့ လက်လုပ်တာဝေးပစ်လက်နက်ကြီးများဖြင့် ဒေသခံပူးပေါင်းတပ်ဖွဲ့များက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အချိန် ၂ နာရီခန့် နှစ်ဘက်တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း သိရသည်။
'' ရဲစခန်းကုန်းက ၂ပွင့်ဗိုလ်တကောင်နဲ့ တပ်သား ၁ ကောင် ၂ကောင်ကျတယ်။ ကျနော်တို့ဘက်က အေးဆေးဆုတ်ခွာနိုင်ခဲ့တယ်'' ဟု လောင်းရှည်ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ပွဲ ဖြစ်ပွားပြီးနေ့လည် ၂ နာရီခန်အထိ စစ်ကောင်စီတပ်၏လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတဦး သေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့ကြောင်း LSRPDF ၏ ထုတ်ပြန်ချက်အရသိရသည်။
Ayeyarwaddy Times
No comments:
Post a Comment