PDF-GanGawက တိုက်ခိုက်ရာ စစ်တပ်ဘက်က ၅ဦးထက်မနည်းသေ၊ ပျူစောထီးများလည်းပါဝင်




ဂန့်ဂေါ ဖေဖေါ်ဝါရီ ၉ 

 ဖေဖော်ဝါရီလ (၇) ရက်နေ့မွန်းလွဲပိုင်းက မြစ်သာမြစ်တစ်ဖက်ကမ်းသို့တက်လာတဲ့ စစ်ခွေး ရဲခွေးများ၊ ဟံသာဝတီရွာပျူစောထီးအဖွဲ့ဝင်များ၊ကုက္ကားရွာပျူစောထီးအဖွဲ့ဝင်များ၊ မြောက်ခင်ရန်းရွာ ပျူစောထီးအဖွဲ့ဝင်များကို ဂန့်ဂေါမြို့နယ််ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF-GanGaw နှင့်အတူ အာဏာရှင်တော်လှန်ရေးတပ်ပေါင်းစုများက ပြန်လည်ခုခံတိုက်ခိုက်ရင်း ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ယင်းထိတွေ့မှုအတွင်း စစ်ခွေး၊ရဲခွေးနှင့်ပျူစောထီး (၅) ယောက်ခန့် သေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ 

 ဖေဖော်ဝါရီလ(၈)ရက်နေ့မှာ စစ်ခွေး၊ရဲခွေးများနှင့်ဟံသာဝတီရွာ၊ကုက္ကားရွာ၊မြောက်ခင်ရန်းရွာ ပျူစောထီးအဖွဲ့ဝင်တွေဟာ အင်အားဖြန့်ကာမြစ်ရှေ့ဖက်ကမ်းရှိစမ်းမြို့ရွာသို့ထပ်မံထိုးစစ်ဆင်ခဲ့ပြီး စမ်းမြို့ရွာမြောက်ဖက်မှလည်း ကျောက်ပြုတ်ရွာမှစစ်ခွေးနှင့် ပျူစောထီးများက ထိုးစစ်ဆင်ခဲ့ပါတယ်။  ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်တော်လှန်ရေးအင်အားစုတို့ ညာသံပေးကာခုခံတိုက်ခိုက်ရင်းတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ညနေ(၄)နာရီဝန်းကျင်မှာ စစ်ခွေး၊ရဲခွေးနှင့် ပျူစောထီးအဖွဲ့ဝင်များကို Forlandကားနှစ်စီးဖြင့်လာရောက်ခေါ်ဆောင်ကာဆုတ်ခွာ ထွက်ပြေး သွားခဲ့ပြီး တိုက်ပွဲအတွင်း စကစနှင့်ပျူစောထီးများရဲ့ ထိခိုက်ကျဆုံးစာရင်းကိုအတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။ 

 ထိတွေ့မှု(၂) ရက်အတွင်း စကစနှင့်ပျူစောထီးဖက်မှ ဒေါသတကြီးလက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့မေတ္တာကြောင့် ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေး ရဲဘော်များ နှင့် အာဏာရှင်တော်လှန်ရေးတပ်ပေါင်းစုများမှရဲဘော်များ အထိအခိုက်မရှိခဲ့ဘူးလို့ PDF-GanGaw က သတင်းထုတ်ပြန်ထားပါတယ်။ 


Gangaw Youths Voice


PDF-GanGawက တိုက်ခိုက်ရာ စစ်တပ်ဘက်က ၅ဦးထက်မနည်းသေ၊ ပျူစောထီးများလည်းပါဝင် PDF-GanGawက တိုက်ခိုက်ရာ စစ်တပ်ဘက်က ၅ဦးထက်မနည်းသေ၊ ပျူစောထီးများလည်းပါဝင် Reviewed by THITHTOOLWIN on 20:54 Rating: 5

No comments:

Powered by Blogger.