အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် စာချုပ်စာတမ်းပြုလုပ်ရာတွင် အသုံးပြုနိုင်ရန် အခွန် တံဆိပ်ခေါင်း ၅ မျိုးကို ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေလိုက်ကြောင်း NUG က ယနေ့ထုတ်ပြန်သည်။
၂၀၂၂ဖေဖော်ဝါရီ ၁၂ ရက်သည် တိုင်းရင်းသားခေါင်းဆောင်များပါဝင်သည့် ပင်လုံညီလာခံ၌ ပင်လုံစာချုပ်ချုပ်ဆိုသည့်မှာ ၇၅ နှစ်မြောက်ခဲ့ပြီး ယင်း အထိမ်းအမှတ်အဖြစ် NUGက တံဆိပ်ခေါင်းများစတင် ထုတ်ဝေရောင်းချပေးခြင်းဖြစ်သည်ဟု NUG၏၏ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၂၀၀ ကျပ်၊ ၃၀၀ ကျပ်၊ ၁၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်နှင့် ၅၀၀၀၀ ကျပ်တန်ဟု၍ ငါးမျိုးထုတ်ဝေမည်ဖြစ်သည်။ ထိုတံဆိပ်ခေါင်းများကို အမျိုးသားညီညွတ်ရေးအစိုးရနှင့်သက်ဆိုင်သည့် တံဆိပ်ခေါင်းခွန်ထိုက်သင့်သော စာချုပ်စာတမ်းတစ်ခုခုကို ချုပ်ဆိုသူ မည်သူမဆို စာချုပ်
မချုပ်ဆိုမီ သို့မဟုတ် စာချုပ်ချုပ်ဆိုချိန်တွင် တံဆိပ်ခေါင်းများကိုကပ်နှိပ်အသုံးပြုသွားရမည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။
အခွန်တံဆိပ်ခေါင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းအခွန်များဦးစီးဌာန Website ဖြစ်သည့် http://ird.nug-mm.net မှတဆင့် ဝယ်ယူနိုင်ကြောင်း လည်းဖော်ပြထားသည်။
မြန်မာနိုင်ငံတော်တွင် မြန်မာနိုင်ငံရုံးခွန်အက်ဥပဒေကို ၁၈၇၀ ပြည့်နှစ် အိန္ဒိယအက်ဥပဒေအမှတ် (၇) ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ၁၈၉၉ ခုနှစ် အိန္ဒိယအက်ဥပဒေအမှတ် (၂) ဖြင့်လည်းကောင်း စတင်ပြဌာန်း ကျင့်သုံးခဲ့ခြင်းဖြစ်သည်ဟု NUG၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
People's Spring
No comments:
Post a Comment