5 February 2022
KIO သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အများပိုင်းနှင့် ပူးပေါင်းစည်းရုံးနေပြီဖြစ်ကြောင်း ယနေ့ကျရောက်သည့် ၆၁ နှစ်ပြည့်တော်လှန်ရေးနေ့ မိန့်ခွန်း၌ KIO ဥက္ကဌက ပြောကြားလိုက်သည်။ ယခုနှစ်တွင် တစ်နိုင်ငံလုံး၌ တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်းလည်း ပါရှိပါသည်။
စစ်အာဏာရှင်၏ပေးကမ်းမှုကြောင့် ရရှိနေသည့် အခွင့်အရေးများသည် ရေရှည်မခံနိုင်ကြောင်းကို အားလုံးနားလည်သိရှိပြီးဖြစ်ကာ နောက်နောင်၌ နောင်တရသည့်အချိန်တွင် အချိန်နှောင်းသွားမည် ဖြစ်ကြောင်းလည်း မိန့်ခွန်း၌ ပါရှိပါသည်။
ယခုအခါ အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရန် အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့များသည် ရဲဘော်ရဲဘက်များဖြစ်ကြပြီး အားရဝမ်းသာဖြစ်မိကြောင်း၊ သို့သော် အကြမ်းဖက်အာဏာရှင်စနစ်ကို တော်လှန်ခြေမှုန်းနေသော အဖွဲ့အစည်းများအားလုံးသည် NUG အစိုးရကို ဝန်းရံရန်လိုအပ်မည်ဖြစ်ပြီး ထိုသို့မဟုတ်လျှင် ရေရှည်တွင် ပြဿနာများဖြစ်ပေါ်လာနိုင်ကြောင်း ကေအိုင်အိုဥက္ကဌက တော်လှန်ရေးနေ့မိန့်ခွန်း၌ ထည့်သွင်းပြောကြားသွားခဲ့သည်။
ကိုယ့်ဒေသအတွက် စားသောက်ရိက္ခာများဖူလုံအောင် ထုတ်လုပ်ရန်၊ နိုင်ငံရေးအကြပ်အတည်းဆိုက် ရှုပ်ထွေးနေမှုကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးစီးပွားရှာသည့် လုပ်ရပ်များကို ရှောင်ရှားရန်၊ ကိုယ်ကျိုးအကျိုးစီးပွားအတွက် နိုင်ငံရေးအမြတ်ထုတ်ခြင်းများကို ရှောင်းရှားရန်လည်း ပါရှိပါသည်။
D-Day Channel
No comments:
Post a Comment