ရေဦးမြို့နယ်မှာ Non CDM ထွေအုပ်ဝန်ထမ်းတွေနဲ့ ပညာရေးဝန်ထမ်းတွေ အပြိုင်အဆိုင်နုတ်ထွက်


ဖေဖော်ဝါ ၈ ရက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် စစ်ကောင်စီလက် အောက် ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းတွေနဲ့ အခြေခံပညာဆရာမများ ယမန်နေ့ ဖေဖော်ရီလ ၇ ရက်နေ့ကစပြီး အပြိုင်အဆိုင်နုတ်ထွက်စာတင်တာတွေလုပ် ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ယမန်နေ့က ရေဦးမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ထွေအုပ် ရပ်/ကျေးစာရေးနဲ့ဌာနအကြီးတန်းစာရေး ၆ ဦး၊ ပ ညာရေးဌာနမှ မူလတန်းကျောင်းအုပ်အပါအဝင် ဆရာမ ၅ ဦးနှုတ်ထွက်စာတင်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

"သူတို့စစ်ကောင်စီလက်အောက်ခံထွေအုပ်နဲ့ပညာရေးဝန် ထမ်းအားလုံး ၁၁ ယောက် မနေ့ကရက်စွဲနဲ့ ထွက်စာတင်တယ်။ ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိပါသဖြင့်ဆိုပြီးတင်တာ " လို့ ရေဦးမြို့နယ်ဒေသခံတဦးက ဧရာ ဝတီတိုင်းမ်ကို ပြောပါတယ်။

မနေ့ကနှုတ်ထွက်လိုက်တဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကတော့ ရေဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်/ကျေးစာရေးတွေဖြစ်တဲ့ လိန်တောကျေးရွာအုပ်စုက ဦးတင်မျိုးဝင်း၊အင်းကြီးကျေးရွာ အုပ် စုမှ ဒေါ်စန္ဒာမြင့်၊ဝသဲကျေးရွာအုပ်စုကဒေါ်ဇင်ဇင်ခိုင်၊ခြုံရွာကျေးရွာအုပ်စု ဒေါ်စန်းသီတာ၊ အင်တောကျေးရွာ အုပ် စုက ဦးနိုင်မျိုး၊မြို့နယ်ထွေအုပ်က အငယ်တန်းစာရေးဒေါ်သီတာမြင့်တို့ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ပညာရေးဌာနကရေဦးမြို့နယ် အ တွင်းက မူလတန်းပြဒေါ်ဝေဝေထွန်း၊အလယ်တန်းပြ ဒေါ်မြတ်သူဇာခိုင်၊ မူလတန်းကျောင်းအုပ် ဒေါ်ခင်ယုလွင်၊ နှောကုန်းရွာ မူလတန်းပြ ဒေါ်ခင်မျိုးလွင်နဲ့ ပုဏ္ဏကားရွာ မူလတန်းကျောင်းက ရုံးအကူ ဒေါ် သန်းသန်းအေး တို့ဖြစ်ပြီးတော့ စစ်ကောင်စီရဲ့ ဌာန ၂ ခုပေါင်း ၁၁ ဦး အသီးသီးနှုတ်ထွက်ခဲ့တယ်လို့ဒေသခံတဦးက ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင်စစ်ကောင်စီသတင်း ပေး(ဒလန်)တွေနဲ့ စစ်ကောင်စီ ယန္တရားဆက်လက် လည် ပတ်နိုင်ရေး လုပ်ဆောင်ပေးနေတဲ့ ထောက်တိုင်တွေကို တိုက်ခိုက်မယ်လို့ သတိပေးထားပြီးတဲ့နောက်မှာ ခုလိုအ ပြိုင်အဆိုင်တွေ နှုတ်ထွက်လာကြတာလို့ ဒေသခံတွေကပြောဆိုပါတယ်။


Ayeyarwaddy Times

ရေဦးမြို့နယ်မှာ Non CDM ထွေအုပ်ဝန်ထမ်းတွေနဲ့ ပညာရေးဝန်ထမ်းတွေ အပြိုင်အဆိုင်နုတ်ထွက် ရေဦးမြို့နယ်မှာ Non CDM ထွေအုပ်ဝန်ထမ်းတွေနဲ့ ပညာရေးဝန်ထမ်းတွေ အပြိုင်အဆိုင်နုတ်ထွက် Reviewed by THITHTOOLWIN on 20:07 Rating: 5

No comments:

Powered by Blogger.