ဒီပဲယင်းမြို့နယ်မှ Non CDM ဝန်ထမ်းများ ​ဖေ​ဖော်ဝါရီ ၁၅ မတိုင်ခင်ရုံးနှင့်အိမ်များမှအပြီးထွက်ခွာသွားရန်နှင့်CDM ပြုလုပ်ကြရန် သတိ​ပေး


ဖေဖော်ဝါရီလ (၁၅) ရက်နေ့မတိုင်မီ ဒီပဲယင်းမြို့နယ်မှ အရာထမ်း၊အမှုထမ်းများ မိမိတို့ရုံး၊ဌာန ၊နေအိမ်များမှ အပြီးတိုင် စွန့်လွှတ်ထွက်ခွာသွားရန်နှင့် CDM ပြုလုပ်ရန် ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၃ ရက်)တွင် ထုတ်ပြန်သည်။

လိုက်နာခြင်းမရှိသူများကို ၎င်းတို့၏ ပိုင်ဆိုင်မူနှင့် မိသားစုများ၏ လုံခြုံရေးကိုပါ အာမခံချက် ရှိပေးနိုင်မည်မဟုတ်ကြောင်းလည်း သတိပေးသည်။

"တော်လှန်ရေးရဲ့နောက်တဆင့် တက်နေပြီဆိုတာ ကွဲကွဲ ပြား ပြားဖြစ်အောင်သတိပေးတာပါဗျ။မြို့နယ်ထဲမှာလည်း အကြမ်းဖက်စစ်ကောင်စီယန္တရား အဝန်းအဝိုင်းလေးက နည်းနည်းပဲ ကျန်နေတာ။ဒါကို ယတိပြတ်ရှင်းအောင်လုပ်တာလည်းပါတယ်"ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံ သားတို့ထံမှ ဆင်းသက်လာပြီး နိုင်ငံတော်တစ် ဝန်းလုံး၏အာဏာသည်  ပြည်သူ့အာဏာ ဟုသာ ဒီပဲယင်းမြို့နယ်ပြည်သူပြည်သားများမှ လက်ခံယုံကြည် ကျင့်သုံးလျက်ရှိသည်ဟုလည်း အသိ ပေးသည်။

မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာရူးတစ်သိုက်သည် မြန်မာနိုင်ငံအား စစ်အာဏာရှင် အကျင့်ဆိုးဖြင့် ပြည်သူပြည်သားများ၏ဆန္ဒ မပါဘဲ မျက်နှာပြောင်တိုက်ကာ အတင်း အဓမ္မအုပ် ချုပ်နိုင်ရေးနှင့် မိမိတို့ ဒီပဲယင်းနယ်သူ၊နယ်သားများအား ကျွန်ပြုအုပ်ချုပ်ရန် ကြိုး စားနေသည်ကို လက်မခံဘဲ ရရာနည်းလမ်းပေါင်စုံဖြင့် ပိုမိုထိရောက်စွာ အရှိန်မြှင့်တိုက်ခိုက်သွားမည်ဖြစ် ကြောင်းလည်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုသည်။

ယခုရက်ပိုင်းကစ၍စစ်ကိုင်း၊မကွေး၊ ချင်း နှင့် ကရင်ပြည်နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကို သက်ဆိုင်ရာ မြို့နယ်တွင်းမှ ထွက်ခွာရန် သို့မဟုတ် နှုတ်ထွက်ရန် ပြည်သူ့တပ်ဖွဲ့အသီးသီးက သတိပေးနေသည်။


People's Spring 

ဒီပဲယင်းမြို့နယ်မှ Non CDM ဝန်ထမ်းများ ​ဖေ​ဖော်ဝါရီ ၁၅ မတိုင်ခင်ရုံးနှင့်အိမ်များမှအပြီးထွက်ခွာသွားရန်နှင့်CDM ပြုလုပ်ကြရန် သတိ​ပေး ဒီပဲယင်းမြို့နယ်မှ Non CDM ဝန်ထမ်းများ ​ဖေ​ဖော်ဝါရီ ၁၅ မတိုင်ခင်ရုံးနှင့်အိမ်များမှအပြီးထွက်ခွာသွားရန်နှင့်CDM ပြုလုပ်ကြရန် သတိ​ပေး Reviewed by THITHTOOLWIN on 22:29 Rating: 5

No comments:

Powered by Blogger.