NLD ပါတီဝင်များနှင့်ပြည်သူများ၏ အိမ်များကို ချိတ်ပိတ်အောင်တိုင်ခဲ့သည့် အုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရ
မင်းလှ၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၂။
ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ပုအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းနိုင်အား ၎င်းနေထိုင်ရာ ကျွဲတဲကုန်းကျေးရွာတွင် သေနတ်ဖြင့် ဘယ်ဘက်ရင်အုံ ကိုနှစ်ချက်ပစ်ခတ်ခဲ့ကြောင်း မင်းလှပြည့်သူကာကွယ်ရေးတပ်-MH.PDF ထံကသိရသည်။
ပစ်ခတ်မှုကို ဖေဖော်ဝါရီလ ၆ ရက်နေ့ည ၇ နာရီခန့်က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အပေါင်းအပါများက လေသေနတ်ဖြင့်ပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့် ပြန်လည်ဆုတ်ခွါခဲ့ရကြောင်း သိရသည်။
"သူကြောင့် ကျွဲတဲကုန်းရွာက NLD ပါတီဝင်ပြည်သူတချို့နေအိမ်ချိတ်ပိတ်ခံရပြီး လူတွေထွက်ပြေးနေရတယ်။ အခြား CDM သမားတွေနဲ့ ပြည်သူကိုဒုက္ခပေးနေခုလိုရှင်းတာ။ မသေတာတော့ သူကကျတော်တို့ဝင်ပစ်တဲ့အချိန်မှာ လေသေနတ်နဲ့ ပြန်ပစ်လို့ အသေမပစ်လိုက်ရဘူး။ အရင်တခါလည်းသွားဆော်သေးတယ်။ သူမြေးကလေးလေးချီထားလို့ မသတ်ဘဲပြန်လာရတာ" ဟု MH.PDF သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်အနတ္တက မြေလတ်အသံကို ပြောသည်။
လက်ရှိတွင် သေနတ်ဖြင့်ပစ်ခတ်ခံရသူ အုပ်ချုပ်ရေးမှူးမှာ ပြည်မြို့ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံနေရပြီး သေဆုံးခြင်းရှိမရှိ မသိရသေးကြောင်း ဆိုသည်။
မကြာခင်အချိန်တွင်း မင်းလှမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှုးများနှင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေရှင်းလင်းရန်ရှိသည့်အတွက် အမြန်ဆုံးနှုတ်ထွက်ကြရန် ပြောဆိုထားသည်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment