ညောင်တုန်းမြို့တွင် NLD ရပ်ကျေးဉက္ကဌ တဦးကို စစ်ကောင်စီသေနတ်နဲ့ပစ်ဖမ်း


ညောင်တုန်း၊ ဖေဖော်ဝါရီ ၁၈ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်သားတွေက NLD ပါတီရဲ့ ရပ်ကျေးဉက္ကဌတဦးကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဆားမလောက်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာက NLD ရပ်ကျေးဉက္ကဌ ကိုအောင်နိုင်ဦးကို စစ်ကောင်စီ တပ်သားတွေက သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ လာတာတော့ အင်အား ၃၀ လောက်ရှိမယ် ပြီးတော့ ဒလန် ကျော်ဆွေဦးလည်း ပါတယ် ကိုအောင်နိုင်ဦး ကျောဘက်ကို ထိသွားတယ် ကြားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်ဖမ်းတာကြောင့် ညောင်ပင်သာကျေးရွာက NLD ရပ်ကျေးဉက္ကဌ ကိုအောင်နိုင်ဦး ကျောကိုထိမှန်ခဲ့ပြီး မအူပင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံနေရတယ်လို့ သိရပါတယ်။

ဒါ့ပြင် ရွာထဲကို စစ်ကောင်စီတပ်သားတွေက သေနတ်တွေနဲ့လိုက်ချိန်ပြီး ထွက်မကြည့်ဖို့နဲ့ အပြင်ထွက်တဲ့သူ အသေပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေလည်း ပြုလုပ်သွားတယ်လို့ သိရပါတယ်။


Ayeyarwaddy Times 

ညောင်တုန်းမြို့တွင် NLD ရပ်ကျေးဉက္ကဌ တဦးကို စစ်ကောင်စီသေနတ်နဲ့ပစ်ဖမ်း ညောင်တုန်းမြို့တွင် NLD ရပ်ကျေးဉက္ကဌ တဦးကို စစ်ကောင်စီသေနတ်နဲ့ပစ်ဖမ်း Reviewed by THITHTOOLWIN on 18:42 Rating: 5

No comments:

Powered by Blogger.