ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်ဖြစ်သော Mytel Show Room ကို ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ဗမာ့လူငယ်ကွန်ရက် (မြို့ပြပျောက်ကြားစစ်)အဖွဲ့က ထုတ်ပြန်သည်။
ယနေ့(ဖေဖော်ဝါရီ ၈ရက်) နံနက် ၅နာရီခွဲခန့်တွင် Mytel Show Room ကိုဖောက်ခွဲခဲ့သည့် ဖြစ်စဥ်ကြောင့် မီးစက်တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း ကနဦးသိရသည်ဟု ဆိုသည်။
"လမ်းတွေပိတ်ပြီး အကြမ်းဖက်စစ်တပ်က စစ်ဆေးတယ်။ပြီးတော့ ကျွန်တော်တို့ကလည်း ကိုယ်လုပ်စရာရှိတာလုပ်ပြီး ဘေးကင်းစွာနဲ့ ပြန်လာနိုင်ပြီ"ဟု ဗမာ့လူငယ်ကွန်ရက် အဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ထို့အပြင် ဗုံးဖောက်ခွဲခံရသည့် Mytel ရုံးမှာ ယနေ့ ပိတ်ထားရသည်ဟုလည်း မျက်မြင်တွေ့ရှိသူတစ်ဦးက အတည်ပြုသည်။
စီးပွားရေးထောက်တိုင်များအပြင် စစ်ကောင်စီ အနွယ်၀င်များအားလုံးကို အပြီးသတ် ဖြေရှင်းနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဗမာ့လူငယ်ကွန်ရက်က ကတိ ပြုသည်။
ဖေဖော်ဝါရီ ၂ ရက်ကလည်း အလုံမြို့နယ်ရှိ Mytel ရုံးတစ်ခု ဗုံးနှစ်လုံးပေါက်ကွဲကာ မီးလောင်ပျက်စီးထား သည်။
People's Spring
No comments:
Post a Comment