စေတုတ္ထရာမြို့နယ်၊ လက်ဖွဲဆိုင် ကျေးရွာအနီးရှိ စစ်တပ်ပိုင် MyTel တာဝါတိုင်အား LSRPDF မှ ‌မြေပေါ် ဖြိုလှဲဖျက်ဆီး

ပုံ - ယခင်ပုံအဟောင်းအား အသုံးပြုထားပါသည်။

ဖေဖော်ဝါရီ ၈ ရက်

မကွေးတိုင်းဒေသကြီး၊ စေတုတ္ထရာမြို့နယ် လက်ဖွဲဆိုင် ကျေးရွာအနီးရှိ စစ်တပ်ပိုင် MyTel တာဝါတိုင်အား ဖေ ဖော်ဝါရီလ ၅ ရက်နေ့ နေ့လည် ၃ နာရီအချိန်က LSRPDF မှ ‌မြေပေါ် ဖြိုလှဲဖျက်ဆီးခဲ့ကြောင်း LSRPDF က သတင်းထုတ်ပြန်ထားသည်။

LSRPDF မှာ မကွေးတိုင်း၊ဆောမြို့နယ်၊ လောင်းရှည်မြို့အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ၎င်းတို့အ နေဖြင့် စစ်တပ်ကျောထောက်နောက်ခံ ၊စစ်တပ်အားပေးထောက်တိုင်များကို မည်သည့်နည်းဖြင့်မဆို တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း အတိအလင်း ကြေငြာထားသည်။


Ayeyarwaddy Times 

စေတုတ္ထရာမြို့နယ်၊ လက်ဖွဲဆိုင် ကျေးရွာအနီးရှိ စစ်တပ်ပိုင် MyTel တာဝါတိုင်အား LSRPDF မှ ‌မြေပေါ် ဖြိုလှဲဖျက်ဆီး စေတုတ္ထရာမြို့နယ်၊ လက်ဖွဲဆိုင် ကျေးရွာအနီးရှိ စစ်တပ်ပိုင် MyTel တာဝါတိုင်အား LSRPDF မှ ‌မြေပေါ် ဖြိုလှဲဖျက်ဆီး Reviewed by THITHTOOLWIN on 20:15 Rating: 5

No comments:

Powered by Blogger.