(ဗုံးဖောက်ခွဲပြီးနောက် ဈေးရုံကိုတွေ့ရစဥ်။ ဓါတ်ပုံ-CJ) |
စစ်ကောင်စီဒေါက်တိုင်တစ်ခု ဖြစ်သောသထုံမြို့နယ်စျေးရုံးအဆောက်အဦကိုမွန်-သထုံ အထူးကာကွယ်ရေး တပ်ဖွဲ့ MTHSF က ယနေ့နေ့လယ်ပိုင်းတွင် ဖောက်ခွဲတိုက်ခိုက်ကြောင်းထုတ်ပြန်သည်။
ယနေ့(ဖေဖော်ဝါရီ ၁၈ရက်) နံနက် ၁၁ နာရီ ၁၂ မိနစ်တွင် ဖောက်ခွဲလိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီဒေါက်တိုင်အဖြစ် ဆက်လက်ရပ်တည်နေပါက ထပ်မံတိုက်ခိုက်သွားမည်ဟု MTHSFက သတိပေး ထားသည်။
သထုံမြို့နယ်စျေးကော်မတီသည် စစ်အာဏာသိမ်းဂယက်နှင့်ကိုဗစ်ရောဂါအခြေအနေကြောင့် ပြည်သူများ စီးပွားရေးကျပ်တည်းနေချိန် စျေးဆိုင်များကို စျေးခွန်တိုးကောက်ခြင်း၊ အကျင့်ပျက်ခြစားပြီးပြည်သူများကို အာဏာပါဝါ ပြလာခြင်းတို့ကြောင့် ဖောက်ခွဲ သတိပေးတိုက်ခိုက်ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်များကို ဆက်လက်ကျူးလွန်ပါက ပိုမိုကြီးလေးသည့် ပြစ်ဒဏ်နှင့်ကြုံရမည်ဖြစ်ကြောင်း MTHS ကသတိပေးထားသည်။
ပေါက်ကွဲမှုသည် အလွန်ပြင်ထန်ပြီးစျေး ရုံးအဆောက်အဦး နေရာအများစု ပျက်ဆီးသွားသည်ဟု ဒေသခံများကပြောသည်။ထိခိုက်ဒဏ်ရသူအချို့ရှိသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။
People's Spring
No comments:
Post a Comment