ဓာတ်ပုံ-"Master" PDF Gangaw |
ဖေဖော်ဝါရီ ၂၃ ရက်
မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်တွင် ခိုးဆိုးလုယက် လူ သတ်တရားခံများဖြစ်သည့် စစ်တပ်လက်ပါးစေ ပျူစောထီး ၃ ဦးကို ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း MPDF ထံကသိရသည်။
အဆိုပါ ပျူစောထီး ၃ ဦးသည် ကိုဖိုးထောင် (ခ) ချမ်းမြင့်အောင်အသက်(၂၁)နှစ်၊ ကိုဇော်ဖြိုးဝေ အသက် (၁၈) နှစ်၊ ကိုနိုင်ဖြိုးထွေး အသက် (၁၅)နှစ် တို့ ညီအစ်ကိုသုံးဦးဖြစ်ပြီး ၄င်းတို့ကို ဖေဖော်ဝါလ ၁၈ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း "Master" PDF Gangaw ဆိုသည်။
၄င်းတို့သည် သန့်ဇင်ဦးနှင့်ဒေါ်ချမ်းမြေ့ လင်မယားကိုဖမ်း ဆီးကာ လင်ဖြစ်သူကိုသတ်ဖြတ်ခဲ့ပြီး သေဆုံးသူ၏ ဇနီးသည် ဒေါ်ချမ်းမြေ့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း MPDFထံ ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။
ဒေါ်ချမ်းမြေ့အား အဝတ်များဖြင့်ဖုံးအုပ်ပြီးကြိုးဖြင့်ချည် နှောင်ကာ ရိုက်နှက်နှိပ်စက်ခြင်းထားပြီး အမျိုးအမည်မသိဆေး (၁၀)ပြားခန့် အတင်းအဓမ္မ တိုက်ကြွေးထားသော်လည်း ၄င်းတို့ ညီအစ်ကို ၃ ဦး ထမင်းချက်ပြုတ်စားသောက်နေစဥ် ဒေါ်ချမ်းမြေ့မှာ ကြိုးပြေ၍ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း MPDF Gangaw တပ်ဖွဲ့ထံက သိရသည်။
အဆိုပါ စစ်တပ်လက်ပါးစေများဖြစ်သည့် ပျူစောထီးများမှာ ခိုးရာပါပစ္စည်းများလက်ဝယ်တွေ့ရှိပြီး ခိုးမှုပေါင်း(၁၂)မှုကို သက်သေခံပစ္စည်းများနှင့်အတူ ရှာဖွေဖမ်းဆီးထုတ်ဖော်ခဲ့ကာ တရားခံ သုံးဦးအားသက်ဆိုင်ရာ အဖွဲ့အစည်းထံသို့ လွဲအပ်ပေးခဲ့ကြောင်း "Master" PDF Gangawက ထုတ်ပြန်သည်။
MPDF အနေဖြင့် ဂန့်ဂေါမြို့နယ်အတွင်းရှိ ပြည်သူများ ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပြီး မူးယစ်ဆေးဝါးနှင့် အခြားဒုစရိုက်လုပ်ငန်းများ ဖော်ထုတ်ဖမ်းဆီး အရေးယူမည်ဟု ဆိုသည်။
Ayeyarwaddy Times
No comments:
Post a Comment