ခိုးဆိုးလုနှိုက်များသည် စစ်ကောင်စီတပ်သားများနှင့်ပက်သက်ဆက်နွယ်နေကြောင်း Monywa Satan အဖွဲ့မှ ထုတ်ပြန်

ဓာတ်ပုံ-ဖေဖော်ဝါရီ၁၆ရက်နေ့က ဖမ်းဆီးရမိသည့် ခိုးဆိုးလုနှိုက်နှစ်ဦး

ဖေဖော်ဝါရီ၁၈ ၊မုံရွာ

စစ်ကိုင်းတိုင်း၊မုံရွာမြို့ ဖေဖော်ဝါရီ၁၇ရက်နေ့က ခိုးဆိုးလုနှိုက်သုံးဦးအား ရှင်းလင်းသုတ်သင်မှုအပေါ် လူမှု့ကွန်ယက်ပေါ်မှာဝေဖန်ပိုင်းခြားပြောဆိုနေသူများကို Monywa Satan အဖွဲ့မှ ရှင်းလင်းချက်တစ်ရပ် ထုတ်ပြန်ကြေညာလိုက်သည်။ 

အဆိုပါထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီ၁၇ရက်နေ့က မုံရွာမြို့ စက်မှုဇုန်(၁)ရပ်ကွက်မှ နေအိမ်ကို နေ့လည်တစ်နာရီဝန်းကျင်ခန့်က သန်းနိုင်ဝင်း(ခ)စနေဂြိုလ်၊ချမ်းမြေ့ဦး(ခ)နဒေါင်၊စိုးထက်အောင်(ခ)ထက်ကြီး တို့ဖြစ်ကြောင်း၊၎င်းတို့အဖွဲ့သည် ဇလုပ်ရွာအနီးမှာ စူပါကပ်၁စီး၊ကွေးကြီးအောင်ချမ်းသာတွင် 125ဆိုင်ကယ်တစ်စီးနှင့်ကလစ်ဆိုင်ကယ်တစ်စီးတို့အား ဓားထောက်လုယူခဲ့ကြောင်း၊လူမနေသည့်အိမ်များမှ ပစ္စည်းများကိုလည်း ခိုးယူခဲ့ကြောင်း ဖွင့်ဟပြောဆိုသည်ဟု သိရသည်။ 

ခိုးယူခဲ့သောပစ္စည်းများကို ဖုန်းမြင့်ဌေးဆိုသူနှင့်အဖွဲ့၏ခေါင်းဆောင်တို့အား ရသမျှပေးအပ်ရပြီး စစ်ကောင်စီတပ်သားများမှမိလျှင်လည်း ပြန်လည်ရွေးယူလို့ရကြောင်းနှင့် မူးယစ်ဆေးဝါးများသုံးစွဲကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။ 

ကျေးရွာများအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ စစ်ကြောင်းထိုးဝင်ရောက်လျှင်လည်း ၎င်းတို့ကိုယူနီဖောင်းများဝတ်ခိုင်းကာ လိုက်လံပြခိုင်းကြောင်း၊ပုံတွင်ပါရှိသည့် ခိုးဆိုလုနှိုက်နှစ်ဦးအား  ဖေဖော်ဝါရီ၁၀ရက်နေ့တွင် ဖမ်းဆီးရမိ၍ နောက်နောင်မပြုလုပ်ဖို့ သတိပေးဆုံးမ၍ ပြန်လည်လွှတ်ပေးခဲ့ကြောင်းနှင့် ဖေဖော်ဝါရီ၁၆ရက်နေ့တွင် ၎င်းတို့ကိုလွှတ်ပေးလိုက်သည့် မုံရွာအရှေ့တောင်ဘက်နေရာမှစ၍ စစ်ကောင်စီတပ်သားများဝင်ရောက်လာပြီး PDFစခန်းတစ်ခုကိုဝင်စီးကာ တပ်သား၄ဦးကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

စစ်ကောင်စီတပ်သားများဝင်ရောက်စီးနင်းမှုနှင့်ခိုးဆိုးလှုနှိုက်များ၏ အသွင်ဆောင်လမ်းပြမှုကြောင့် ပစ္စည်းတန်ဖိုး သိန်း(၁၀၀)ကျော်ဆုံးရှုံးခဲ့ကာ Monywa Satanအဖွဲ့မှ အပြစ်မဲ့ပြည်သူများအား လက်နက်အားကိုအနိုင်ကျင့်ခြင်းလုံးဝမပြုလုပ်ပါဟု ရှင်းလင်းဖော်ပြကြောင်း သိရှိရပါသည်။


Chindwin Yoma Media

ခိုးဆိုးလုနှိုက်များသည် စစ်ကောင်စီတပ်သားများနှင့်ပက်သက်ဆက်နွယ်နေကြောင်း Monywa Satan အဖွဲ့မှ ထုတ်ပြန် ခိုးဆိုးလုနှိုက်များသည် စစ်ကောင်စီတပ်သားများနှင့်ပက်သက်ဆက်နွယ်နေကြောင်း Monywa Satan အဖွဲ့မှ ထုတ်ပြန် Reviewed by THITHTOOLWIN on 18:35 Rating: 5

No comments:

Powered by Blogger.