မဲခေါင်၊ ဖေဖော်ဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲစခန်းကို ယနေ့၊ နံနက်ပိုင်းအချိန်က M79 ဗုံးဗစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ - ACPLF က ထုတ်ပြန်ကြေညာထားသည်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၂လမ်းမကြီးပေါ်ရှိ တောင်/မြောက်လမ်းဆုံရဲစခန်းအား ယနေ့နံနက် ၅နာရီ၊ ၁၈မိနစ်အချိန်က M79ဗုံးဗစ်လောင်ချာဖြင့် ဗုံးသီး ၂လုံးပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အဆပလအဖွဲ့က ယနေ့၌ ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
ယင်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုအပြီး ရဲစခန်းအတွင်း အော်ဟစ်သံများနှင့် ရုတ်ရုတ်သဲသဲအခြေအနေကို ကြားသိခဲ့ရကြောင်း အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
ထိုကဲ့သို့ M79 ဗုံးဗစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်မှုအခြေအနေအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်ဟုလည်း အဆပလအဖွဲ့က ပြည်သူများထံ အသိပေးထားသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment