စစ်ကောင်စီ တပ်အချင်းချင်းမှားပစ်၍ ၂ ဦးထက်မနည်းသေဆုံးဟု KNU ထုတ်ပြန်

(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ်တွင် ဖေဖော်ဝါရီ ၄ရက်က စစ်ကောင်စီ တပ်များ အချင်းချင်းမှားယွင်းပစ်ခတ်ခဲ့ကြပြီး ၂ ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း KNU ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ညပိုင်း၌ ထုတ်ပြန်သည်။

ပဲခူးဖက်မှ သထုံဖက်သို့ ဦးတည်မောင်းနှင်လာသော စစ်ကောင်စီ ယာဉ်တန်းအား ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၃)နှင့်ပူးပေါင်း တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ရာ ကား (၂) စီးထိမှန်ပြီး  ထိခိုက်ကျဆုံးမှုများသောကြောင့်နောက်ကြောင်းပြန်လှည့်ရာနောက်တန်းတွင် ရှိနေသော စစ်ကောင်စီတပ်ဖွဲ့များနှင့် အချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

 ထိုပစ်ခတ်မှုတွင်   KNLA တပ်ရင်း (၃)နှင့် ပူးပေါင်းတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။

ဖေဖော်ဝါရီလ၄ ရက်နေ့ည ၁၀ နာရီဝန်းကျင်ခန့်တွင်လည်းအာဏာသိမ်း စစ်ကောင်စီ သိမ်ဇရပ်အမြောက်တပ်မှ လက်နက်ကြီးများဖြင့်   ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။


People's Spring 

စစ်ကောင်စီ တပ်အချင်းချင်းမှားပစ်၍ ၂ ဦးထက်မနည်းသေဆုံးဟု KNU ထုတ်ပြန် စစ်ကောင်စီ တပ်အချင်းချင်းမှားပစ်၍  ၂ ဦးထက်မနည်းသေဆုံးဟု KNU ထုတ်ပြန် Reviewed by THITHTOOLWIN on 22:58 Rating: 5

No comments:

Powered by Blogger.