KNU တပ်မဟာ ၅ ကို တိုက်ခိုက်ဖို့ စစ်ကောင်စီအစီအစဉ်ရှိတယ်လို့ တပ်မဟာမှူးပြော

ဓာတ်ပုံ - KNLA တပ်မဟာ ၅ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲ (အလယ်မှ လက်ယာဘက်) က KNLA စစ်သည်တွေကိုစစ်ဆေးနေတာတွေ့ရစဉ်။ (Photo: Salween Press)

ဖေဖော်ဝါရီ ၃ ရက်နေ့၊ ၂၀၂၂ 

ကရင်ပြည်နယ် ဖာပွန်မြို့နယ်က KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေတွေကို အကြီးအကျယ်ထိုးစစ်ဆင်ဖို့ စစ်ကောင်စီမှာအစီအစဉ်ရှိပြီး လက်ရှိမှာလည်း တပ်အင်အားနဲ့ ရိက္ခာတွေ ကြိုးစားပို့ဆောင်နေတယ်လို့ KNLA တပ်မဟာ ၅ ရဲ့တပ်မဟာမှူးက ပြောပါတယ်။ 

"လက်ရှိအခြေအနေက ရန်သူ (စစ်ကောင်စီ) က မရရအောင်လုပ်မယ် (ထိုးစစ်ဆင်မယ်)။ ကုန်းကြောင်းရော လေကြောင်းပါလုပ်မယ်။ သူတို့ဘယ်လောက်ထိ လုပ်လို့ရမလဲဆိုတာကတော့ ကျနော်တို့စောင့်ကြည့်ရမှာပေါ့။ လောလောဆယ်တော့ ကျနော်တို့နေရာကို တက်ရှင်းဖို့က မလွယ်လောက်ဘူး" လို့ KNLA တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲ ကပြောပါတယ်။ 

"သူတို့ (စစ်ကောင်စီ) နောက်ထပ်အင်အားတစ်ရာလောက်ထပ်ရောက်လာတယ်ကြားတယ်။ တနေ့က ကတိုင်တိဘက်မှာရောက်တယ်။ ရိက္ခာတွေလည်းဆက်ပို့နေတယ်။ ထွီသီးအုရွာတစ်ဝိုက်မှာပဲရောက်တယ်။ အဲ့ထက်ကျော်ပြီးတိုးလို့မရသေးဘူး။ ရိက္ခာတွေ ရှေ့တန်းတပ်စခန်းကို ပို့လို့မရသေးဘူး။ 

လက်ရှိမှာ KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ ရှေ့တန်းကစစ်ကောင်စီတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း စခန်းမှာရှိတဲ့ ရဟတ်ယာဉ်ဆင်းသက်နိုင်တဲ့ကွင်းတွေကို ခုတ်ထွင်ရှင်းလင်းထားတယ်လို့ KNLA တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ 

"သူတို့က ရဟတ်ယာဉ်တွေဆင်းသက်နိုင်ဖို့ ရဟတ်ယာဉ်ကွင်းတွေရှင်းလင်းထားတယ်။ လေကြောင်းကို လိုအပ်သလိုအသုံးပြုမယ့်အခြေအနေမှာရှိတယ်။ တနေ့ကလည်း စစ်ကောင်စီလေယာဉ်နှစ်စင်းက သံလွင်မြစ်ကမ်းရှိ KNU တပ်စခန်းတစ်ခုကို လာရောက်ဗုံးကြဲခဲ့တယ်" လို့ အမည်မဖော်လို့သည့် အဆိုပါ KNLA တပ်ဖွဲ့ဝင်ကပြောပါတယ်။ 

မကြာသေးခင်ကလည်း ကရင်ပြည်နယ်ဖာပွန်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်က တာဝန်ထမ်းဆောင်နေသည့် အရပ်ဖက်ဆိုင်ရာဌာနအသီးသီးမှ ဝန်ထမ်းတွေအားလုံးအနေနဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့နောက်ဆုံးထားပြီး ထွက်ခွာရန် KNU တပ်မဟာ ( ၅ ) က ဇန်နဝါရီလ ၂၉ ရက်နေ့က သတိပေးကြေညာချက်တစောင်ထုတ်ပြန်လိုက်ပါတယ်။ 

သတိပေးထုတ်ပြန်ချက်ကို လိုက်နာမှုမရှိပဲပျက်ကွက်ပါက ထိရောက်စွာအရေးယူဆာင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။  


Salween Press

KNU တပ်မဟာ ၅ ကို တိုက်ခိုက်ဖို့ စစ်ကောင်စီအစီအစဉ်ရှိတယ်လို့ တပ်မဟာမှူးပြော KNU တပ်မဟာ ၅ ကို တိုက်ခိုက်ဖို့ စစ်ကောင်စီအစီအစဉ်ရှိတယ်လို့ တပ်မဟာမှူးပြော Reviewed by THITHTOOLWIN on 19:41 Rating: 5

No comments:

Powered by Blogger.