အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNLA တပ်တို့ မြဝတီအာရှလမ်းမ၌ တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်
ဖေဖော်ဝါရီ ၆၊ ၂၀၂၂။
ယမန်နေ့ နံနက် (၈)နာရီခန့်တွင် ကေအဲန်ယူ- ကော့ကရိတ်မြို့နယ် မြဝတီအာရှလမ်းမ၌ အာဏာသိမ်းစစ်ကောင်စီတပ် နှင့် KNLA တပ်တို့ (၅)မိနစ်ကြာ တိုက်ပဲဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုတိုက်ပွဲဖြစ်ပွားပြီး နာရီဝက်ခန့်အကြာတွင် ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်ခြမ်းရှိ ရွာကလေးကျေးရွာ မြောက်ဘက်၌ အာဏာသိမ်းစစ်ကောင်စီတပ်မှ စခန်းချနေထိုင်သော ခမရ- ၃၅၅ တပ်မှ ရွာကလေးကျေးရွာအတွင်းသို့ လက်နက်ကြီး (၆) ချက်ခန့်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း မြေပြင်းတင်းပေးပို့ချက်အရ သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ရွာကလေးကျေးရွာအတွင်းရှိ နေအိမ်(၃)လုံးပျက်ဆီးခဲ့ပြီး၊ အသက်(၂၅)နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၊ အသက်(၄)နှစ်အရွယ် ပိုလီယိုခလေးငယ်တစ်ဦးနှင့် အသက်(၁၄)အရွယ် ခလေးတစ်ဦးတို့ ထိမှန်ခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။
အသက်(၄)နှစ်အရွယ်ပိုလီယိုခလေးငယ်မှာ ခြေထောက်၌ လက်နက်ကြီးစ ထိမှန်ခဲ့ပြီးအသက်(၁၄)နှစ်အရွယ်ခလေးငယ်မှာ ညာဘက် လက်ဖဝါးနှင့် ဘယ်ဘက်လက်မ ထိမှန်ခဲ့သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ဘယ်ခြေထောက်နှင့်ညာခြေထောက်နှစ်ဖက်လုံးထိမှန်ခဲ့ကာ ဒဏ်ရာပြင်းထန်သောကြောင့် ဆေးရုံသို့ ချက်ခြင်းပို့ဆောင်ခဲ့ရကြောင်း သိရသည်၊၊
ဒူးပဘာယာခရိုင်- သတင်းနှင့်ပြန်ကြားရေး
No comments:
Post a Comment