ဖာပွန်က အကောက်ခွန်ရုံးနဲ့ စစ်ကောင်စီ စခန်းတွေကို KNLA ဝင်ရောက် တိုက်ခိုက်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၃)

ဖာပွန်ခရိုင်မှာ အခြေစိုက်တဲ့ စစ်ကောင်စီ စခန်းတွေနဲ့ အကောက်ခွန်ရုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က ဝင်ရောက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ KNLA တပ်မဟာ ၅ တပ်ရင်း ၁၅ က တပ်ဖွဲ့ဝင်တွေဟာ ဖာပွန်မြို့ အနောက်ဘက်ကမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့အကောက်ခွန်ရုံးကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီး အဲ့ဒီအကောက်ခွန်ရုံးဟာ ဒေသခံပြည်သူတွေရဲ့ချွေးနဲစာကို အဓမ္မကောက်ယူနေတဲ့ ရုံးတစ်ရုံးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေဟာ ကဟီးကျိုး၊ မယ်ဝိုင် က စစ်ကောင်စီစခန်းတွေကို ဝင်ရောက် တိုက်ခိုက်ရာမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီ စခန်းတွေကို မဝင်တိုက်မီ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ စစ်ကောင်စီက အနောက်ဘက်ကမ်းကနေ လက်နက်ကြီးစိန်ပြောင်းသုံးလုံးနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူနေအိမ်သုံးလုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဖာပွန်ခရိုင်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူသောင်းချီ ရှိနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ဆိုကြပါတယ်။


သတင်း - သံလွင်တိုင်းမ်


ဖာပွန်က အကောက်ခွန်ရုံးနဲ့ စစ်ကောင်စီ စခန်းတွေကို KNLA ဝင်ရောက် တိုက်ခိုက် ဖာပွန်က အကောက်ခွန်ရုံးနဲ့ စစ်ကောင်စီ စခန်းတွေကို KNLA ဝင်ရောက် တိုက်ခိုက် Reviewed by THITHTOOLWIN on 08:52 Rating: 5

No comments:

Powered by Blogger.