သထုံမြို့နယ် ဇီးဝန်းကျေးရွာမှာ စစ်ကောင်စီနှင့် KNLA အကြားတိုက်ပွဲဖြစ်၊ စစ်ကောင်စီဖက်မှ ၃ ဦးသေ၊ ၃ ဦးဒဏ်ရာရ
ဓာတ်ပုံ - ရှေ့တန်းထွက်သည့် KNLA တပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်။ (Photo: Salween Press) |
ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ၊ ၂၀၂၂
မွန်ပြည်နယ် သထုံမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စု ဇီးဝန်းကျေးရွာ ထီးဖိုးညလိခီးနေရာမှာ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ ညနေ ၃ နာရီကျော်မှာ စစ်ကောင်စီအမြောက်တပ်တပ်ဖွဲ့နှင့် KNLA တပ်ဖွဲ့ဝင်တို့ ထိပ်တိုက်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိတယ်လို့ KNLA တပ်ရင်း ၂ လက်အောက်ခံ တပ်ခွဲ ၂ မှ တပ်မှူးတစ်ဦးကပြောပါတယ်။
ဒါ့အပြင် ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ည ၁၁နာရီခွဲအချိန်မှာလည်း ပဲခူး-ဘီးလင်းဖက်မှထွက်ခွာလာသောစစ်ကောင်စီယာဉ် ၁၃ စီးကိုသထုံမြို့နယ် ကမာစိုင်သင်းချိုင်းလမ်းမကြီးပေါ်တွင် KNLA တပ်ရင်း၂ လက်အောက်ခံတပ်ခွဲ ၂ နဲ့ တပ်ခွဲ ၃ ပူးပေါင်းပြီးမိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိတယ်လို့ အဆိုပါတပ်မှူးကပြောပါယ်။ တိုက်ခိုက်မှုမှာ စစ်ကောင်စီကား ၇ စီးပျက်စီးသွားခဲ့တယ်လို့ သူကဆိုပါတယ်။
"စစ်ကောင်စီတိုက်ခိုက်ခံရတဲ့ ကမာစိုင်သင်းချိုင်းနေရာမှာ စစ်ကောင်စီဖက်က ကင်းပုန်းချထားတယ်။ သူတို့တိုက်ခိုက်ခံရပြီးနောက်အဲ့မှာရှိတဲ့ဒေသခံတချို့ဖမ်းစီးခံရတာရှိတယ်။ အခုထိမလွှတ်သေးဘူးလို့" အထက်ပါတပ်မှူးကပြောပါတယ်။
Salween Press
No comments:
Post a Comment