ဖေဖော်ဝါရီ ၈ ရက်၊ ဖားအံ
ကရင်ပြည်နယ် ဖားအံမြို့နယ်အတွင်းရှိ ဂျို့ပင်ဆိပ် (BGF-၁၀၄) လက်အောက်ခံစခန်းကို ကရင်တပ်မတော် (KNU/KNLA)က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီနဲ့ BGF ဖက်မှ ၄ ဦး သေဆုံးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၇ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ KNLA ရဲ့ တပ်ရင်း(၁) လက်အောက်ခံတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က သေဆုံးသူအပြင် တပ်ခွဲမှူးအပါအဝင် ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဒီနေ့လယ် ၁ နာရီကျော်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့က စခန်းအတွင်းကနေ လက်နက်ကြီး လက်နက်ငယ်နဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် စခန်းအရှေ့ကနေ ဆိုင်ကယ်မောင်းနှင်လာသူ ဒေသခံတစ်ဦး ပြင်းထန်တဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒဏ်ရာရသူဟာ အသက် (၂၁)နှစ်အရွယ် မောင်ကပ်ကျော်ဦးဆိုသူဖြစ်ပြီး ကမမောင်းသို့ ဆိုင်ကယ်နဲ့ ရာဘာရောင်းဖို့ စခန်းအရှေ့ကနေ ဖြတ်မောင်းသွားစဥ်(BGF-၁၀၁၄) ပူးပေါင်းစခန်းအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခဲ့ရာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီးတော့ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်ဖွဲ့ဟာ အင်အား (၃၀)ခန့်ရှိပြီး ဖေဖော်ဝါရီ ၇ ရက်မှာ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ထိခိုက်သေဆုံးမှုကြောင့် မနေ့ ဖေဖော်ဝါရီ ၈ ရက် မနက်အစောပိုင်းမှာ ဂျို့ပင်ဆိပ် (BGF-1014)စခန်းကို စွန့်ခွာပြီး မိတ္ထီလာရွာ (ဘုရားကုန်း)သို့ ပြောင်းရွေ့ဆုတ်ခွာသွားကြောင်း ဆက်လက် ဖော်ပြထားပါတယ်။
Shwe Phee Myay News Agency
No comments:
Post a Comment