ဇန်နဝါရီလ(၃၁)ရက်နေ့ ည(၈)နာရီ ဝန်းကျင်မှာ ဖရူဆိုမြို့မရဲစခန်းနဲ့ ခမရ ၄၂၈တပ်ကို KA၊ KNDF B/15၊ B/04 ပူးပေါင်းတပ်ဖွဲ့တို့ နာရီဝက်ကြာ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ KNDF B/15က မနေ့က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက် ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး ကျဆုံးမှု အတိအကျကိုတော့ မသိရှိရသေးဘူးလို့ ပါရှိပါတယ်။ KNDFပူးပေါင်းတပ်ဖွဲ့ဖက်တော့ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
KNDFအနေနဲ့ တိုက်ပွဲပေါင်း (၁၁၀)ထိ ဖော်ဆောင်နိုင်ခဲ့ပြီး တခြားသော ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ လည်း ပူးပေါင်းပြီး တိုက်ပွဲဖော်ဆောင်လျက်ရှိတယ်လို့ ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းတစ်နှစ်ကာလအတွင်း ကရင်နီပြည်နယ်မှာဆိုရင် တိုက်ပွဲပေါင်း ၁၅၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ သေဆုံးသူ ၆၀၀ ကျော် နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကျဆုံးသူ (၆၀)ဝန်းကျင် ရှိခဲ့ပါတယ်။
Kantarawaddy Times
No comments:
Post a Comment