ဖားကန့်၊ ဖေဖော်ဝါရီ ၃ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ တပ်စခန်းကုန်းတခုကို KIA နဲ့ PDF တွေ ဝင်ရောက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်နဲ့ ကားမိုင်းလမ်းဘေးမှာရှိတဲ့ ဂျာယန်တောင်ကုန်းပေါ်က စစ်ကောင်စီတပ်တွေကို မနက် ၅ နာရီ လောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ စခန်းကို ဝင်တိုက်တာတော့ ဟုတ်တယ် မနက် ၅ နာရီလောက်က မနက်လင်းပိုင်းရောက်တော့ ဖားကန့် ဗျူဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ် စခန်းကို သိမ်းနိုင်တယ်ဆိုတာတော့ အတည်ပြုမရသေး ဘူး”လို့ KIA နဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာ ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတာ ၁၀ လုံး ကျော်လောက်ရှိပြီလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုစာရင်းတွေကိုတော့ အတည်ကျမသိရသေးပါဘူး။
Ayeyarwaddy Times
No comments:
Post a Comment