February 15, 2022
မုံးကိုးမြို့မှ ဖောင်းဆိုင်ဘက်သို့ သယ်ဆောင်လာသော စစ်ကောင်စီ စစ်အင်အားနှင့် ရိက္ခာယာဉ်တန်းကို ယနေ့ မွန်းလွဲပိုင်းတွင် KIA က တိုက်ခိုက်ခဲ့ရာ ကား ၂ စီး ပျက်စီးသွားကြောင်းသိရသည်။
ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် မုံးကိုးနဲ့ ဖောင်းဆိုင်ကြား တစ်နေရာမှာ စစ်ကောင်စီရိက္ခာနဲ့ စစ်အင်အားသယ်ဆောင်လာတဲ့ ယာဉ်တန်းကို KIA တပ်ရင်း ၃၆ က ဗုံးပစ်လက်နက်ကြီးနဲ့ ကြားဖြတ်တိုက်ခိုက်ရာ ကား၂ စီး ပျက်စီးသွားသည်ဟု ရှေ့တန်းသတင်းအရင်းမြစ်တစ်ဦး KNG ကိုယခုလိုပြောသည်။
“ဖောင်းဆိုင်ဘက်ကို သူတို့ လုံခြုံရေးတွေနဲ့ စစ်အင်အားဖြည့်ဖို့ နဲ့ရိက္ခာသယ်လာတဲ့ကားဟုတ်တယ်။ နေရာတော့ နာမည်မသိဘူး မုံးကိုးနဲ့ဖောင်းဆိုင်ကြားဟုတ်တယ်။ KIA က ဗုံးပစ်လက်နက်ကြီးနဲ့ ကား ၂ စီးပစ်ခတ် ပျက်စီးပေးလိုက်တာ။KIA တော့ပစ်ပြီး သွားလိုက်ပြီ။ စစ်တပ်ဘက်က မိနစ်ပိုင်း ပြန်ပစ်နေသေးတယ်” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။
ယခုချိန် စစ်တပ်ဘက်မှ KIA တပ်မဟာ ၆ တပ်ရင်း ၉ ရှိရာဘက် ထိုးစစ်ဆင်မှု ဆက်တိုက်ပြုလုပ်နေခြင်းကြောင်း စစ်ရေးတင်းမာနေသည်ဟု၎င်းက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ် ဖောင်းဆိုင်ဒေသတွင် စစ်တပ်မှ ထိုးစစ်ဆင်မှုဆက်တိုက်ပြုလုပ်နေသောကြောင့် ကိုးကန့် MNDAA နှင့် KIA တို့ဖြင့် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။
Kachin News Group
No comments:
Post a Comment