KIA အုပ်ချုပ်ရေးအတွေ့အကြုံများ ရှင်းလင်းမျှဝေခြင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် တက်ရောက်


၁၀ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၂ခုနှစ်

 အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်သည် ယနေ့နံနက် ၁ဝး၀၀ နာရီတွင်ကျင်းပပြုလုပ်သော မဟာမိတ် KIA ၏ အုပ်ချုပ်ရေး အတွေ့အကြုံများ ရှင်းလင်းမျှဝေခြင်း‌ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ 

ဆွေးနွေးပွဲတွင် ပထမဦးစွာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အဖွင့်အမှာစကား ပြောကြားရာတွင် နယ်မြေစိုးမိုးမှု အထိုက်အလျောက် ရရှိနေပြီဖြစ်သော ဒေသများတွင် ပြည်သူ့အုပ်ချုပ်ရေးအာဏာတည်နိုင်ရန် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးနှင့် စီမံရေး၊ တရားစီရင်ရေးနှင့် အခွန်ကောက်ခံရေး ကိစ္စရပ်တို့ကို စစ်ရေးနှင့် ဟန်ချက်ညီအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းစသဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးလွင်ကိုလတ်က ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ အကျဉ်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် အမှတ်(၁) စစ်ဒေသ စစ်ဒေသမှူးမှ KIA ၏ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေပေးခဲ့ပြီး အခွန်ကောက်ခံရေးဆိုင်ရာ၊ တရားစီရင်ရေးဆိုင်ရာ ကဏ္ဍနှင့် လူထုစည်းရုံးရေး ကဏ္ဍများအတွက် အကြံပြုချက်များ တင်ပြဆွေးနွေးခဲ့သည်။ 

တက်ရောက်လာကြသော ခရိုင်၊ မြို့နယ် ပအဖ နှင့် ပကဖတာဝန်ခံများမှ မိမိတို့မြို့နယ်များတွင် ပြည်သူ့အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်ကောက်ခံရေးဆိုင်ရာနှင့် ပြည်သူ့လုံခြုံရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြခြင်း၊ သိလိုသည်များကို မေးမြန်းခြင်းနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များအား လုံခြုံရေးဆိုင်ရာ သင်တန်းပေးနိုင်ရန်ကိစ္စတို့ကို တင်ပြဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ဆွေးနွေးခဲ့သည်။ 

ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အမှတ်(၁) စစ်ဒေသမှူးတို့က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို နေ့လယ် ၁၂:၄၅ နာရီတွင် အောင်မြင်စွာ ရပ်နားခဲ့သည်။ 

အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုဒုဝန်ကြီးများ၊ အတွင်းဝန်များနှင့် ရုံးအဖွဲ့၊ အမှတ် (၁) စစ်ဒေသ စစ်ဒေသမှူး၊ ခရိုင်၊ မြို့နယ် ပအဖ၊ ပကဖ တာဝန်ခံများ၊ ဒုတိယတာဝန်ခံများ တက်ရောက်ခဲ့သည်။


Ministry of Home Affairs and Immigration - Myanmar 

KIA အုပ်ချုပ်ရေးအတွေ့အကြုံများ ရှင်းလင်းမျှဝေခြင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် တက်ရောက် KIA အုပ်ချုပ်ရေးအတွေ့အကြုံများ ရှင်းလင်းမျှဝေခြင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် တက်ရောက် Reviewed by THITHTOOLWIN on 20:51 Rating: 5

No comments:

Powered by Blogger.