ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုအား KIA နှင့် PDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်
ပူတာအို၊ ဖေဖော်ဝါရီ၁ရက်
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာရှိစစ်ကောင်စီ၏ တပ်စခန်းအား ယနေ့ မနက်ပိုင်းတွင် KIA နှင့် PDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။
" တိုက်ပွဲစဖြစ်တာက ဒီမနက် ၉နာရီလောက်က။ ကချင်လွတ်မြောက်ရေးတပ်မတော် - KIA နဲ့ ဒေသခံPDF အဖွဲကဝင်တိုက်ခိုက်တာ။ အထိခိုက်တော့ရှိမယ်။ စခန်းတစ်ခုလုံးကိုသိမ်းပိုက်လိုက်တာ။ ၁၀နာရီကျော်လောက်မှာ စခန်းဂုန်းပေါ်မှာမီးတွေလောင်နေတာတော့ တွေ့တယ်" ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒေသခံများ၏ ပြောဆိုချက်များအရ အဆိုပါ တပ်စခန်းတွင် ဆွမ်ပရာဘွမ်မြို့၏ စစ်ကြောင်း (၂) မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး အထိုင်ချထားသည့် တပ်စခန်းတစ်ခုဖြစ်ပြီး တပ်အင်အား ၅၀ မှ ၇၀ ကြားရှိသည့် တပ်စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်သေဆုံးမှုအခြေအနေကိုမူ ဧရာဝတီတိုင်းမ်းသတင်းဌာနအနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
Ayeyarwaddy Times
No comments:
Post a Comment