ဗန်းမော်မြို့ဝင် ၊ မြို့ထွက် စစ်ဆေးရေးဂိတ်များကို KIA နှင့် ပူးပေါင်း၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်းနှင့် စစ်ကောင်စီအဖွဲ့ဝင်များအား စစ်မျက်နှာစဖွင့်လိုက်ပြီဖြစ်ကြောင်း ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - BPDF ထုတ်ပြန်
ဖေဖော်ဝါရီလ ၇ ရက် ၊ ၂၀၂၂ ခုနှစ် ။
ဗန်းမော်မြို့ဝင် ၊ မြို့ထွက် စစ်ဆေးရေးဂိတ်များကို KIA နှင့် ပူးပေါင်း၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်းနှင့် စစ်ကောင်စီအဖွဲ့ဝင်များအား စစ်မျက်နှာ စဖွင့်လိုက်ပြီဖြစ်ကြောင်း ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - BPDF ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
ယနေ့ ဖေဖော်ဝါရီလ ၇ရက်နေ့၌ ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - BPDF တပ်ဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်မတော် ( KIO/ KIA )နှင့် ပူးပေါင်း၍ ဖန်းခါးကုန်းရပ် ၊ ဟန်းတဲရပ်ကွက် ၊ ဗန်းမော်မြို့ မြို့၀င် / မြို့ထွက် စစ်ဆေးရေးဂိတ်ကို နံနက် ( ၃:၅၂ )နာရီတွင် လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယနေ့ မှစ၍ ဗန်းမော်မြို့မှ စစ်ကောင်စီအဖွဲ့၀င်များအား စစ်မျက်နှာစဖွင့်လိုက်ပြီဖြစ်သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် မတော်တဆ ထိခိုက်မှုမဖြစ်စေရန် မိမိ၏ အန္တရာယ်ကိုကြိုတင်ရှောင်ရှား နိုင်ရန်အသိပေးအပ်သည်။
နောင်လာမည့်ရက်များမှာလည်း အလျဥ်းသင့်လျှင် သင့်သလို တိုက်ခိုက်လာမည်ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်ထားရန် အသိပေးအပ်ပါကြောင်း နှင့်
ပြည်သူများကို တော်လှန်ရေးပြီးဆုံးသည်ထိ တိုင်အောင် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - BPDF ကထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment