မိုးဗြဲတိုက်ပွဲ KGZ တပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၁ဦးသေ


ဖယ်ခုံမြို့နယ် မိုးဗြဲတိုက်ပွဲတွင် Karenni Generation Z (KGZ) အဖွဲ့၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၁ဦးသေဆုံးပြီး၅ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KGZ က ယ​နေ့ (​ဖေ​ဖော်ဝါရီ ၁၇) ညတွင် သတင်းထုတ်ပြန်သည်။

 မိုးဗြဲမြို့နှင့် အနီးတဝိုက်သို့အင်အားအများအပြား ဖြည့်တင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်း PDFများ၊ KGZ၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF) စသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်နေရာဖေဖော်ဝါရီ ၁၆ရက်မှစ၍ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေသည်။

​ဖေ​ဖော်ဝါရီ ၁၇ တိုက်ပွဲတွင် KGZ တာဝန်ယူထားသော နယ်မြေသို့စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်လာ၍ KGZ တပ်သားများ အသင့်အနေအထားဖြင့်  တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ဖော်ပြသည်။ စစ်ကောင်စီဘက်မှလက်နက်ကြီး အလွန်အကျွံသုံး ပစ်ခတ်ခြင်းကြောင့် KGZ တပ်သားများ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ထိုသို့ဆုတ်ခွာစဉ် လက်နက်ကြီးထိမှန်သူ ၂ဦးရှိခဲ့၍ ဆေးခန်းရှိရာသို့ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယနေ့တိုက်ပွဲတွင်စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများပြား၍ လေကြောင်းတိုက်ခိုက်မှုကို ညနေ ၆နာရီနောက်ပိုင်း၌ နှစ်ကြိမ်ပြုလုပ်လာခဲ့သည်ဟုလည်း​ဖော်ပြထားသည်။ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်များမှ ရဲဘော်အချို့ထိခိုက်သေဆုံးမှုများရှိကြောင်းလည်း သက်ဆိုင်ရာအဖွဲ့များကထုတ်ပြန်ထားသည်။


People's Spring 

မိုးဗြဲတိုက်ပွဲ KGZ တပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၁ဦးသေ မိုးဗြဲတိုက်ပွဲ KGZ တပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၁ဦးသေ Reviewed by THITHTOOLWIN on 00:12 Rating: 5

No comments:

Powered by Blogger.