ကျောက်ပန်းတောင်းတွင် စစ်ကားနှစ်စီးအား KDF မိုင်းဖြင့်တိုက်ခိုက်၊ ထိခိုက်ဒဏ်ရာရမှုရှိဟုဆို


ကျောက်ပန်းတောင်းမြို့တွင် ဖေဖော်ဝါရီ ၁ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသော မော်တော်ယာဉ် နှစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်ပန်းတောင်း ကာကွယ်ရေးတပ်(KDF)က ယနေ့ထုတ်ပြန်သည်။

ယမန်နေ့က ကျောက်ပန်းတောင်းမြို့ အရှေ့မြို့ရှောင်လမ်း၌ တပ်ထောက်ခံပွဲလုပ်အပြီး ပြန်လာသည့် စစ်ကောင်စီယာဉ် နှစ်စီးကို KPG Black Soldiers UGနှင့် KDF တို့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရမှုများရှိသည်ဟု မျက်မြင်များကပြောကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်များဖြင့် ပစ်ခတ်ခဲ့သော်လည်း တပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းစွာလုံခြုံစွာရှိနေကြောင်း ကြေညာထားသည်။

ကျောက်ပန်းတောင်းမြို့တွင် စစ်ကောင်စီတပ် ဖိအားပေးနေသည့်ကြားမှ မြို့သူမြို့သားများက ယမန်နေ့တွင် ပြုလုပ်သော အသံတိတ်သပိတ်တွင်ပါဝင်ခဲ့သည်။ထို့ပြင် သံပန်းလုပ်သားတစ်ဦးသည် စစ်ကောင်စီ၏ လျှပ်စစ်ရုံးရှေ့တွင် ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြထုတ်ဖော်ခဲ့ရာရရှိသည့် ဒဏ်ရာများဖြင့် ယမန်နေ့ညက ကျဆုံးခဲ့ရသည်။ အဆိုပါ အမျိုးသားက အများပြည်သူ ၂၄နာရီလုံးမီးလင်းရေးနှင့် စစ်အာဏာရှင် ကြီးစိုးအုပ်ချုပ်ခဲ့သည့် ၂၀၀၁-၂၀၀၂ ခုနှစ်များသို့ ပြန်မသွား ရန် စာရေးဆန္ဒပြခဲ့သည်။


People's Spring 

ကျောက်ပန်းတောင်းတွင် စစ်ကားနှစ်စီးအား KDF မိုင်းဖြင့်တိုက်ခိုက်၊ ထိခိုက်ဒဏ်ရာရမှုရှိဟုဆို ကျောက်ပန်းတောင်းတွင် စစ်ကားနှစ်စီးအား KDF မိုင်းဖြင့်တိုက်ခိုက်၊ ထိခိုက်ဒဏ်ရာရမှုရှိဟုဆို Reviewed by THITHTOOLWIN on 21:10 Rating: 5

No comments:

Powered by Blogger.