(ဖေဖော်ဝါရီလ ၁၈ ရက်)
ကယား(ကရင်နီပြည်နယ်)၊ လွိုင်ကော်မြို့တွင် ကရင်နီပြည်အခြေစိုက်ပြည်သူ့ရဲ KSP တို့ပူးပေါင်း၍ နယ်မြေ လူပ်ရှားနေစဥ် လွိုင်ကော်အခြေစိုက် ရဲဌာနမှာ တာဝန်ထမ်းဆောင်နေသော ရဲတပ်သား မောင်စိုးဟိန်းသူသည် KDF နှင့် KSP တို့ထံ လာရောက်ခိုလူံ ၍ CDM ပူးပေါင်းခဲ့ကြောင်း သိရပါသည်။
အဆိုပါ ရဲတပ်သားသည် G-3 အမျိုးအစားသေနတ်တစ်လတ် ၊ 7.62 ကျည် ၁၀၄တောင့် ၊ ကျည်ဘောက်နှစ်ဘောက် ယူဆောင်လာခဲ့ပြီး KDF နှင့် KSP ထံသို့ အပ်နှံ ခဲ့ပြီး ပြည်သူဘက်တော်သားအဖြစ် ပူးပေါင်းလာခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်း ထုတ်ပြန်ထားပါသည်။
ဒါပြင် ရဲဝန်ထမ်းများ၊ စစ်သား များ အနေဖြင့် ပြည်သူ့ ဘက်သို့ရဲရဲဝံ့ဝံ့ရပ်တည်ပြီး CDM ပါဝင်ကြရန် တိုက်တွန်းကြောင်း နှင့် CDM ဝင်ရောက်လာပါကလည်း သေနတ်များပါ တစ်ပါးတည်း ယူဆောင်လာရန်တိုက်တွန်းနိုးဆော်ထားပါသည်။
HTY Information
ကရင်နီတပ်ဖွဲ့တစ်ခုဖွဲ့ဖြစ်တဲ့ KDF ထံ ရဲတပ်သားဦး G3 တစ်လက်နှင့်အတူ လာရောက်ပူးပေါင်း
Reviewed by THITHTOOLWIN
on
18:47
Rating:
No comments:
Post a Comment