မြင်းခြံ၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၂။
မြင်းခြံမြို့က ကမ္ဘောဇဘဏ်ခွဲတခုကို ဒီနေ့မနက် ၆နာရီကျော်က ဗုံးဖောက်ခွဲခဲ့ပြီး ATM စက်၂လုံး ပျက်စီးသွားတယ်လို့ မြင်းခြံရိန်းဂျား PDF အဖွဲ့ဆီက သိရပါတယ်။
ပြည်သူတွေရဲ့ ဘဏ်အကောင့်တွေကို သက်သေအထောက်အထားမရှိပဲ လက်လွတ်စပယ် Freeze လုပ်နေတဲ့ KBZ bank ရဲ့ ဘဏ်ခွဲတစ်ခုဖြစ်တဲ့ မြင်းခြံဘဏ်ခွဲအမှတ် ၃ ကို ဖောက်ခွဲခဲ့တာလို့ Myingyan Ranger တာဝန်ခံက ပြောပါတယ်။
" နောက်နောင်ဆင်ခြင်နိုင်ရန် သတိပေးဖောက်ခွဲခဲ့ပါတယ် ထိခိုက်မှုအနေနဲ့ ATM စက်နှစ်လုံးပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့မရှိခဲ့ပါဘူး အဖွဲ့သားများလဲ ဘေးကင်းစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်" လို့ ပြောပါတယ်။
ပေါက်ကွဲမှုအပြီး မနက် ၇နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေရောက်လာပြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်တာမျိုးတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
မြင်းခြံမှာ KBZ ဘဏ်ခွဲတခုဖောက်ခွဲခံရလို့ ATM စက် ၂လုံးပျက်စီး
Reviewed by THITHTOOLWIN
on
19:19
Rating:
No comments:
Post a Comment