ဖေဖော်ဝါရီ၁၆၊ မုံရွာ
စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ် ခိုးသန်းကျေးရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးမြင့်အောင်(ခ)ဂျစ်တူးသည် ယနေ့ညနေပိုင်းက သေနတ်ဖြင့် Headshotပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။
"ဒီညနေပိုင်းကheadshot ပစ်ခတ်ခံရတာ၊ ပွဲချင်းပြီးဆုံးသွားတယ်၊ အလောင်းကိုတော့ ကူညီရေးကားလာကောက်သွားတယ်လို့"ဒေသခံများက ချင်းတွင်းရိုးမသို့ပြောသည်။
စစ်ကောင်စီခန့်မြင့်အောင်သည် အာဏာသိမ်းပြီးနောက် ရပ်ရွာအုပ်ချုပ်ရေးမှုးတစ်ဦးဖြစ်လာသလို ၎င်းကိုမည်သည့်အဖွဲ့အစည်းက သုတ်သင်ရှင်းလင်းလိုက်လည်းဆိုတာ ထုတ်ပြန်ချင်းမရှိသေးပေ။
ဒါ့အပြင် ယမန်နေ့ဖေဖော်ဝါရီ၁၅ရက်နေ့ကလည်း မုံရွာမြို့နယ်တစ်နေရာတွင် PDFစခန်းများကို လမ်းပြသော စစ်ကောင်စီသတင်းပေး လင်မယားနှစ်ဦးကို Monywa NightKing အဖွဲ့နှင့် Monywa Ninja တို့အဖွဲ့မှ ပူးပေါင်းရှင်းလင်းခဲ့ကြောင်းသိရသည်။
Chindwin Yoma Media
No comments:
Post a Comment