တော်လှန်ရေးတပ်ဖွဲ့များ၏ လက်နက်သိုလှောင်ရုံများကို စစ်တပ်က GPS သုံး၍ လိုက်ဖမ်းဆီးနေ


ရန်ကုန်၊ ဖေဖော်ဝါရီ (၈)

ရန်ကုန်မြို့၊ တောင်ဥက္ကလာနှင့် မြောက်ဒဂုံမြိုနယ်ရှိ တော်လှန်ရေးအင်အားစုများ၏ လက်နက်သိုလှောင်သည့် နေရာ (၂) ခုကိုအကြမ်းဖက်စစ်တပ်က GPS အသုံးပြု၍ ဝင်ရောက်စီးနင်းခဲ့သည်ဟု တော်လှန်ရေးအဖွဲ့ဝင်များထံက သိရသည်။

ယခင်က ဖမ်းမိသည့်သူများကို ဖုန်းဆက်ချိန်းဆိုခိုင်းကာ လက်နက်သိုလှောင်သည့်နေရာများကို စစ်ကောင်စီက လိုက်လံဖော်ထုတ်ခဲ့ခြင်း ဖြစ်သော်လည်း ယခုနည်းလမ်းပြောင်းလိုက်ခြင်း ဖြစ်သည်။

"အခုလူမသိသူမသိ ဖမ်းဆီပြီးသားသူတွေကို လက်နက်ပေးခိုင်းတယ်။ အဲဒီလက်နက်တွေထဲ စစ်ကောင်စီက နေရာအချက်ပြ GPS ကို ထည့်ပေးလိုက်တာကြောင့် အခုလိုဝင်ရောက်စီးနင်းခံရတာ”ဟု ရန်ကုန်ရှိ တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတဦးက ပြောသည်။

GPS ကြောင့် ဝင်ရောက်စီးနင်းခံခဲ့ရသည့် တောင်ဥက္ကလာသိုလှောင်ရုံတွင် 40 mm ဗုံးပစ်လောင်ချာ(၂)လက်နှင့် 40mm ဗုံးသီးများ၊ လက်ပစ်ဗုံးနှင့် ကျည်ဆန်အချို့အပါအဝင် လူတစ်ဦးဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

ထို့ပြင် မြောက်ဒဂုံရှိ လက်နက်သိုလှောင်သည့်နေရာတွင်လည်း လက်နက်ပစ္စည်းများနှင့်အတူ အမျိုးသား(၂)ဦး၊  အမျိုးသမီးတစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

ထိုအခြေနေများကို တော်လှန်ရေးရဲဘော်များ သတိပြုမိရန် ယခုကဲ့သို ထုတ်ဖော်ပြောရခြင်းဖြစ်ကြောင်းလည်း ရန်ကုန်မြိုတော်လှန်ရေးအင်အားစုများက ဆိုသည်။


Lu Nge Khit

တော်လှန်ရေးတပ်ဖွဲ့များ၏ လက်နက်သိုလှောင်ရုံများကို စစ်တပ်က GPS သုံး၍ လိုက်ဖမ်းဆီးနေ တော်လှန်ရေးတပ်ဖွဲ့များ၏ လက်နက်သိုလှောင်ရုံများကို စစ်တပ်က GPS သုံး၍ လိုက်ဖမ်းဆီးနေ Reviewed by THITHTOOLWIN on 21:44 Rating: 5

No comments:

Powered by Blogger.