ကြို့ပင်ကောက်မြို့နယ် လျှပ်စစ်ရုံးကို GBK PDF ဗုံးခွဲ


ကြို့ပင်ကောက်၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၂။ 

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ် လျှပ်စစ်ရုံးမှာ ဖေဖော်ဝါရီ ၂၀ ရက် ဒီကနေ့ ညနေ ၇ နာရီလောက်က ဗုံးခွဲခံရတယ်လို့ သိရပါတယ်။ 

ဒီဖောက်ခွဲမှုကို ကြို့ပင်ကောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - GBK PDF က လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ရုံးဝန်ထမ်းတွေအနေနဲ့ ပြည်သူတွေဆီက မီတာခတွေကို အတင်းအကြပ် ကောက်ခံနေတာကြောင့် အခုလို ဗုံးခွဲသတိပေးခဲ့တာလို့ အဲ့ဒီအဖွဲ့ရဲ့တာဝန်ခံက ပြောပါတယ်။

"မီတာခမဆောင်လို့ မီးဖြတ်တာက ရွာတွေမှာပါ၊ အတင်းအကြပ် မီတာခတွေ ကောက်ပြီး မီတာခမပေးတဲ့ရွာတွေကို မီးတွေဖြတ်တယ်ဆိုတာ ပြည်သူတွေ သတင်းပို့တာတွေလဲ များလို့ပါ၊ ပထမအကြိမ် လှန့်တဲ့သဘောမျိုးပဲ လုပ်လိုက်တာဗျ ထိခိုက်မူတော့ မရှိပါဘူး" လို့ သူကပြောပါတယ်။ 

GBK PDF ဟာ စစ်ကောင်စီနဲ့ စစ်ကောင်စီထောက်ခံအားပေးသူတွေကို အကြာခဏ ရှင်းလင်းသုတ်နေတဲ့အပြင်၊ စစ်ကောင်စီထောက်တိုင် ဌာနဆိုင်ရာတွေကိုလည်း ဖောက်ခွဲတိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက် ညပိုင်းကလည်း ကြို့ပင်ကောက်မြို့နယ် နဲ့ အုပ်ဖိုမြို့နယ်အစပ်ရှိ မြေပြာရွာမှာ စခန်းချနေတဲ့ ပျူစောထီးစခန်းကို သွားရောက်တိုက်ခိုက်ခဲ့လို့ ပျူစောထီး ၅ ဦးသေဆုံးခဲ့တယ်လို့ GBK PDF က သတင်းထုတ်ပြန်ထားပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

ကြို့ပင်ကောက်မြို့နယ် လျှပ်စစ်ရုံးကို GBK PDF ဗုံးခွဲ ကြို့ပင်ကောက်မြို့နယ် လျှပ်စစ်ရုံးကို GBK PDF ဗုံးခွဲ Reviewed by THITHTOOLWIN on 01:20 Rating: 5

No comments:

Powered by Blogger.