PDF (KALAY)က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ ခန့် သေ ၊ တင်သားရွာ ပြည်သူ ၁၀ဦးဒဏ်ရာရ၊ နေအိမ် ၅လုံး မီးလောင်
ဂန့်ဂေါ ဖေဖေါ်ဝါရီ ၇
ဖေဖော်ဝါရီလ ၆ ရက် ကလေးမြို့နယ်တောင်ပိုင်းကြံသာရွာနှင့် ဟံသာဝတီရွာတို့တွင် တပ်စွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များဟာ နံနက် ၉ နာရီခွဲမှ ၁၁ နာရီအချိန်ခန့်ထိ တင်သားရွာသို့ဦးတည်၍ အဝေးပစ်အမြောက်လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့ရာ တင်သားရွာမှ အပြစ်မဲ့ပြည်သူ ၁၀ ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ ဒဏ်ရာပြင်းထန်သူများအနက် အသက် ၉ နှစ်အရွယ်ကလေးငယ် ၁ဦးလည်းပါဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့များ၏ လက်နက်ကြီးဖြင့် ရမ်းကားပစ်ခတ်မှုကြောင့် တင်သားရွာအတွင်းမှ နေအိမ် ၅ လုံး လက်နက်ကြီးထိမှန်၍ မီးလောင်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီ၏ အကြောင်းမဲ့ရန်ပြုပစ်ခတ်မှုကြောင့် တင်သား၊ အောင်မင်္ဂလာ၊ မှန်တာ၊ ရှားဖို၊ကျောက်ဖူး ကျေးရွာများမှပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
တင်သားရွာအားလက်နက်ကြီးဖြင့် ဦးတည်ပစ်ခတ်ခဲ့သည့်အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ညနေပိုင်း ၃ နာရီခွဲအချိန်ခန့်တွင် ကလေးနည်းပညာတက္ကသိုလ်ဘက်မှ ကလေးမြို့ဘက်သို့ ဦးတည်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဇင်းကလင်းရွာနှင့် ချင်းဆိုင်ရွာအကြားတွင်
(Kalay) တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်သဖြင့် လမ်းလျှောက်တက်လာသည့် စစ်ကောင်စီတပ်သား ၆၀ကျော်အနက် ၁၅ ဦးခန့် ထိမှန်သေဆုံးပြီး မိုင်းထိမှန်ဒဏ်ရာရရှိသူများထဲမှ ကလေးမြို့စစ်ဆေးရုံသို့ ရောက်ရှိပြီးနောက် နောက်ထပ် ၅ ဦး ထပ်မံ၍ သေဆုံးသွားတယ်လို့ PDF-Kalayက ထုတ်ပြန်ထားပါတယ်။
Gangaw Youths Voice
No comments:
Post a Comment