မတူပီရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး G-3 ​သေနတ်၊ကျည်ဆံတို့နှင့်အတူ CDF (မတူပီ)ထံ ခိုလှုံ

(ပြည်သူ့ရင်ခွင်ခိုလှုံလာသော နယ်ထိန်းရဲထက်​ဝေ​ဇော်)

ချင်းပြည်နယ်၊ မတူပီ ရဲစခန်းမှာ တပ်သားအဆင့် နယ်ထိန်းတစ်ဦးက လက်နက်နှင့်အတူ ယနေ့(ဖေဖော်ဝါရီ ၂၃)ရက်က CDF(မတူပီ)ခိုလှုံလာသည်။ 

အဆိုပါနယ်ထိန်းသည် ထက်ဝေဇော် (ကိုယ်ပိုင်နံပါတ် လ -၂၇၆၃၀၉ ) သည် G3 သေနတ် တစ်လက် ၊ ကျည်ဆန်အချို့တို့နှင့်အတူ CDF(မတူပီ)ထံ ခိုလှုံလာခြင်းဖြစ်သည်။

ခိုလှုံလာသည့် ရဲတပ်သားကို ချင်းပြည်ကာကွယ်ရေးတပ်များက နွေးထွေးစွာကြိုဆိုပြီး ဂုဏ်ပြုချီးမြှင့်ငွေများလည်းပေးကာ လုံခြုံစိတ်ချရသည့်နေရာတွင်ခိုလှုံခွင့်ပေးထားသည်ဟု CDFနှင့်နီးစပ်သူတစ်ဦးကပြောသည်။ 

အလားတူ ဇန်နဝါရီ ၂၆ ရက်ကလည်း မတူပီ အခြေစိုက် ခြေမြန်တပ်ရင်း ၅၂၁ မှ တပ်ကြီးကြီးနှင့် ဒုတပ်ကြပ်နှစ်ဦးလည်း သေနတ်နှစ်လက်၊လက်ပစ်ဗုံးနှစ်လုံးနှင့် နင်းမိုင်းများနှင့်အတူ ဒေသခံကာကွယ်ရေးတပ်များထံခိုလှုံလာခဲ့သေးသည်။ 

စစ်တပ်အာဏာသိမ်းထားသည့်နေ့မှစတင်ပြီး ၂၀၂၂ဖေဖော်ဝါရီလလယ်ပိုင်းအထိ CDF(မတူပီ)ထံခိုလှုံလာသူ စစ်သားနှင့် ရဲတပ်သား ၁၁ ဦးရှိပြီဖြစ်သည်။


People's Spring  

မတူပီရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး G-3 ​သေနတ်၊ကျည်ဆံတို့နှင့်အတူ CDF (မတူပီ)ထံ ခိုလှုံ မတူပီရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး G-3 ​သေနတ်၊ကျည်ဆံတို့နှင့်အတူ CDF (မတူပီ)ထံ ခိုလှုံ Reviewed by THITHTOOLWIN on 22:27 Rating: 5

No comments:

Powered by Blogger.