Feb 2 ရက်နေ့ ညနေ ၄ နာရီခွဲက မိုင် ၃၀ တိုက်ပွဲမှာ စကစ ၃ ဦးခန့် ကျဆုံးပြီး သေဆုံးသူ စကစဆီကနေ CDF-MINDAT က MA 3 တစ်လက် ကောက်ယူနိုင်ခဲ့ပါတယ်။ လမ်းအကွေ့မှာ စကစရှေ့ကင်းသမားကို လွှတ်ပေးပြီး နောက်ကတက်လာမဲ့ စကစတွေကို ကာပစ်ပေးနေချိန်မှာ လမ်းဘေးမြောင်းထဲက ချုံခိုစောင့်နေတဲ့ CDF ပြောက်ကျား ၂ ယောက်က စကစရှေ့ကင်းသမားကို အသေပစ်၊ သေနတ်ကိုအလောင်းဆီကလုပြီး လမ်းအောက်ပြေးဆင်းတာပါ။ တိုက်ပွဲက ၅ မိနစ်ပဲ ကြာတယ်။ စကစ ၃ယောက်သေ၊ MA 3 တစ်လက်ရလာတယ်။ စကစတွေက လမ်းဘေးမှာ အလောင်းတစ်လောင်းမြုပ်ခဲ့ပြီး သွေးကွက်တွေကို ထုံးစံအတိုင်း မြေတွေသဲတွေနဲ့ ပြန်ဖုံးခဲ့ပါတယ်။
နောက်တော့.. ရဲဘော်တစ်ယောက်က စကစကားတစ်စီးကို အပေါ်ကနေရာယူ ဆီးပစ်မယ်လုပ်တော့ ကားထဲမှာ ကလေးငယ်တွေချည်း ငုတ်တုတ်ထိုင်နေတာ။ ဘာမှပြန်မလုပ်နိင်ကြဘူး။ ဒါနဲ့ပဲ သေနတ်ကိုဆွဲမွှေ့လိုက်တော့.... 'ချောက်' ဆိုပြီး .... ကျည်ညှပ်သွားတယ်။ မောင်းတုံးဆွဲ၊ ပြန်ပြင်ပြီး ပစ်မယ်လုပ်တော့... ဘာမှမသိတဲ့ကလေးတွေသေဖို့ ဘုရားမကြိုက်ဘူးထင်တယ်ဆိုပြီးစဉ်းစားမိလို့... မပစ်တော့ဘဲ ပြန်ဆုတ်လာခဲ့တယ် ဟု CDF.mindatပြောရေးဆိုခွင့်ရှိသူရဲဘော်တစ်ဦး၏ ကိုယ်ပိုင်လူမှုကွန်ယက်၌ ဖော်ပြထားပါသည်။
𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬
No comments:
Post a Comment