ကျောက်ဆည်၊ ဖေဖော်ဝါရီ ၉
ပြည်သူများကို မီတာခပေးဆောင်ရန်ဖိအားပေးနေသည့်အပြင် မီတာခပေးဆောင်ခြင်းမရှိသည့်အခါ လျှပ်စစ် မီးဖြတ်တောက်ခြင်းများ လုပ်ဆောင်နေသည့် ကျောက်ဆည်မြို့ EPC ရုံးကို ဖေဖော်ဝါရီလ ၉ ရက်နေ့လယ်ပိုင်း၌ ကျောက်ဆည်ခရိုင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
“ဖိအားပေးပြီး မီတာဆောင်ခိုင်းတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ၊ စစ်ကောင်စီလက်ပါးစေတွေ၊ သူတို့ အားလုံးကို နောက်ဆုံးအကြိမ်သတိပေးတဲ့အ နေနဲ့ လက်နက်ကိုင်တွေ ကင်းစောင့်နေတဲ့ EPC ရုံးကို ဖောက်ခွဲပြလိုက်တာပါ” ဟု ကျောက်ဆည်ခရိုင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက လူငယ့်ခေတ်သို့ ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် EPC ရုံးဝန်ထမ်းတစ်ဦး အရေးပေါ်အခြေအနေသို့ ရောက်ရှိသွားပြီး အသေးစိတ် အချက်အလက်များကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ထပ်မံပြောသည်။
တော်လှန်ရေးသမားများ အန္တရာယ်ကင်းကင်းဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် အဆိုပါရုံးရှိ အစောင့်စစ်သားများ ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်း ပတ်ဝန်းကျင်တွင်လည်း စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါမြို့တွင် နေထိုင်သည့် ပြည်သူတစ်ဦးက တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ပြောပြရာ တွင် EPC ရုံးတိုက်ခိုက်ခံရသည်မှာ မှန် ကန်ကြောင်း သေဆုံးသည့်သတင်းများ မကြားရသေးသော်လည်း မြို့ထဲလမ်း မများပေါ်၌ လူသွား၊ လူလာ ကင်းရှင်းသွားခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီလက်ပါးစေများသည် ကျောက်ဆည်ခရိုင်အတွင်း၌ မီတာခပေးဆောင်ရန် လိုက်လံနှိုးဆော်ကာ ဖိအား ပေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက အတည်ပြုသည်။
Lu Nge Khit
No comments:
Post a Comment