ဒီးမော့ဆိုမြို့မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၁၀)ဦးထက်မနည်း သေဆုံး DMO PDF ထုတ်ပြန်
(ဖေဖော်ဝါရီလ ၂၃ ရက်)
ရှမ်း-ကယားနယ်စပ်၊ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့၊ လီဝိုးကျေးရွာအနီးနဲ့ ဝီသဲကူးကျေးရွာမှာ အင်းအားအလုံးအရင်းနဲ့ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို(DMO-Local PDF)၊ လွိုင်ကော်(PDF)၊ KNDF၊ KA၊ အခြားတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေအကြား ယမန်နေ့ဖေဖော်ဝါရီလ(၂၂) ရက်နေ့မှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
အဆိုပါတိုက်ပွဲအား တနေကုန်နီးပါးဖြစ်ပွားခဲ့ပြီး ညနေ(၃)နာရီအချိန်မှာတော့ စစ်ကောင်စီဘက်က
ရဟတ်ယာဉ်(၁)စင်းနဲ့ (၅)ကြိမ်ခန့် ပစ်ကူတိုက်ခိုက်ခဲ့တဲ့အပြင် ညနေ(၄)နာရီအချိန်မှာ တိုက်လေယာဉ်(၂)စင်းနဲ့ (၇)ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က (၁၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF) တပ်ဘက်က အထိအခိုက်မရှိ ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း DMO PDF ကနေ သတင်းထုတ်ပြန်ထားပါသည်။
HTY Information
No comments:
Post a Comment