ဓာတ်ပုံ-DMO PDF တပ်ရင်း - A |
ဖေဖော်ဝါရီ ၁၄ ရက်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒီးမော့ဆို DMO PDF တပ် ရင်း A က တိုက်ပွဲဝင်ရင်း စားနပ်ရိက္ခာအတွက် တတ်သလောက် ပညာရပ်ဖြင့် အစဥ်ပြေသလိုရုန်းကန်နေသည့် အဆိုပါ တပ်ရင်းA၏ ယနေ့ မြင်ကွင်းများဖြစ်ပါသည်။
"နိုင်ငံရေးမပြေလည်သည့် ယခုချိန်ကာလမျိုးတွင် ၀မ်းစာအတွက်လုံးပန်းနေရသော မိဘပြည်သူစစ်ရှောင်များနှင့် ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ် DMO PDF ရဲဘော်များ၏ အခက်အခဲများသည် ပြောမပြတတ်အောင်ပင် ခါးသီးပြီး ရင်ဖွင့်အဓိပ္ပာယ်ဖွဲ့ဆိုလို့မရသည် မှာ အမှန်ပင်ဖြစ်''ဟ ဒီးမော့ဆို PDF က ဆိုသည်။
သို့သော်လည်း ကျွန်တော်တို့ ရဲဘော်များသည် ဤအဆင်မပြေ ခါးသီးမှုဒဏ်များကို အချိန်ရှည်ကြာခံစားလာရပြီး ကာလတွင် အခက်အခဲပေါင်းမျိုးစုံကို ကိုယ်တတ်သည့် ပညာရပ်ဖြင့် ရယ်မောလှောင်ပြောင် အန်တုလာနိုင်ခဲ့ပါသည်။
"ဆိုလိုသည်မှာ အခက်ခဲများကြောင့် ကြုံတွေ့ရရှိလာခဲ့သော အဆင်မပြေမှုဒဏ်များနှင့် ခါးသီး၊ကြပ်တည်းမှုတို့သည် သင်ခန်းစာများ၊ သင်ယူစရာများအနေဖြင့် ကျွန်တော်တို့ရဲဘော်များ ပြောင်းလဲနိုင်ခဲ့သည်ကို ကြည့်ပြီး ဤကာလ၌ ခက်ခဲနေသောမိဘပြည်သူများ၊ PDF နှောင်တော်များအတွက် စိတ်ဓာတ်ခွန်အား စာစဉ်တစ်ခုအနေဖြင့် ဖွဲ့ဆိုကာ DMO PDF တပ်ရင်း A က ရေးသားဖော်ပြထားသည်။
Ayeyarwaddy Times
No comments:
Post a Comment