တန့်ဆည်ရှိ DGB အသေးစားငွေချေးလုပ်ငန်း မိုင်းခွဲတိုက်ခိုက်ခံရ

ဓာတ်ပုံ- DGB အသေးစားငွေချေးလုပ်ငန်းရုံးခွဲတစ်ခုအား ယမန်နှစ်ကတွေ့ရစဉ်

တန့်ဆည်၊ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် ပြည်သူများထံမှ ခြိမ်းခြောက်ငွေတောင်းယူနေသည့် အသေးစားချေးငွေလုပ်ငန်း တစ်ခုဖြစ်သော DGB Microfinance Myanmar ရုံးခွဲအား တန့်ဆည်PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သားတစ်ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒူးတွင် ဒဏ်ရာရရှိခဲ့ကြောင်း တန့်ဆည်ဖီးနစ် (Phoenix Defence Force - Taze)က ယနေ့ထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၂)ရက်က တန့်ဆည်မြို့ပေါ် ဈေးသစ်အနီးရှိ အသေးစားချေးငွေလုပ်ငန်း ရုံးခွဲကို တန့်ဆည် ဖီးနစ်(Phoenix Defence Force - Taze) နှင့် တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ တို့ပူးပေါင်း၍ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည် ဖီးနစ်(Phoenix Defence Force - Taze)ထံမှ သိရသည်။

အဆိုပါ DGB ရုံးသည် အသေးစားချေးငွေလုပ်ငန်းဖြစ်ပြီး တော်လှန်ရေးကာလအတွင်း ပြည်သူ့မျက်နာကို ငဲ့ညှာထောက်ထားခြင်းမရှိဘဲ အပတ်စဉ်ငွေကြေးကောက်ခံခြင်းများ၊ ခြိမ်းခြောက် ငွေတောင်းခံခြင်းများ ပြုလုပ် လျက်ရှိသော ချေးငွေလုပ်ငန်းဖြစ်ကြောင်း တန့်ဆည်ဖီးနစ် (Phoenix Defence Force - Taze)က ဆိုသည်။

ယင်းအပြင် အဆိုပါ ချေးငွေလုပ်ငန်းလုပ်ကိုင်သည့် DGB Microfinance Myanmar ရုံးအတွင်း စစ်ခွေး ၊ ရဲခွေးများခေါ်ယူထားခြင်း၊နေ့စဉ်မဟုတ်သော်လည်း အချို့ရက်များတွင်ရုံးပတ်ဝန်းကျင်တွင် ကင်းပုန်းများ ထားရှိခြင်းစသည့် ပြည်သူကိုမျက်နှာမမူသော လုပ်ရပ်များလုပ်ဆောင်လျက်ရှိနေကြောင်း တန့်ဆည်ဖီးနစ် (Phoenix Defence Force - Taze)က ထုတ်ပြန်သည်။


Lu Nge Khit

တန့်ဆည်ရှိ DGB အသေးစားငွေချေးလုပ်ငန်း မိုင်းခွဲတိုက်ခိုက်ခံရ တန့်ဆည်ရှိ DGB အသေးစားငွေချေးလုပ်ငန်း မိုင်းခွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 22:44 Rating: 5

No comments:

Powered by Blogger.