ပဲခူးတိုင်း ပဲခူးမြို့ပေါ်ရှိ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးဝင်းအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး စစ်ကောင် စီ၏ အခွန်ဘဏ္ဍာဆက်သရာ နေရာတစ်ခုအဖြစ်ပါဝင်နေသည့်အတွက်ကြောင့် သတိပေးရခြင်းဖြစ်ကြောင်း အရပ်ဖက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)-CPDF (ပဲခူး)က ထုတ်ပြန် ကြေညာသည်။
ယနေ့ (ဖေဖော်ဝါရီ ၂၀ ရက်) နံနက် ၁၀နာရီ ၅၀မိနစ်ခန့်က နန်းတော်ရာဝင်းအတွင်း သတိပေး ဖောက်ခွဲမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း၊ ပဲခူးမြို့၏ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးသည် ရှေးခေတ်ဘုရင်များနန်းစိုက်ရာ အထင်ကရ နေရာတစ်ခုဖြစ်ကြောင်း၊ သမိုင်းဝင်နေရာတစ်ခုဖြစ်သော်လည်းယခုအခါ စစ်ကောင်စီ၏ အခွန်ဘဏ္ဍာဆက်သရာ နေရာတစ်ခုအဖြစ်ပါဝင်နေသည့်အတွက်ကြောင့် သတိပေးရခြင်းဖြစ်ကြောင်း အရပ်ဖက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)က အသိပေးသည်။
မြန်မာနိုင်ငံတစ်ဝှမ်းလုံး စစ်ကောင်စီအား အပြင်းအထန်ခုခံတိုက်ခိုက်နေသောအချိန်မှာ မိဘပြည်သူများအနေဖြင့် ၎င်းကဲ့သို့စစ်ကောင်ဆီအား အခွန်ထမ်းသည်နေရာများအား သွားရောက်လည်ပတ်ခြင်း မပြုလုပ်ကြရန် အရပ်ဖက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)က အထူးမေတ္တာရပ်ခံသည်။
"မြို့နေလူထုအနေဖြင့် တစ်ရက်ကိုလူဦးရေ ၅၀၀ နှင့် ၇၀၀ ကြား လည်ပတ်သွားလာရာတစ်ခု စည်ကားသိုက်မြိုက်နေကြောင်းသိရှိရပါတယ်။ တစ်ရက်ကို စစ်ကောင်စီဆီ အခွန်ဝင်ငွေ သိန်း ၅၀ ကနေ၆၀ ကြားရရှိနေတဲ့ အတွက်ကြောင့်ဖောက်ခွဲမှု ပြုလုပ်ခဲ့ရခြင်းဖြစ်ပါတယ်။"ဟု အရပ်ဖက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)က ပြောသည်။
ပဲခူးမြို့မှပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့်ပတ်သက်သောနေရာများသို့ မသွားကြရန်နှင့်စကစထောက်တိုင်အဖြစ် ရပ်တည်နေသော လုပ်ငန်းများကို အားမပေးကြရန် အရပ်ဖက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)က တိုက်တွန်းနှိုးဆော်ထားသည်။
People's Spring
No comments:
Post a Comment