ကလေးမြို့ ၂ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၇ ဦးသေဆုံးပြီး CNDF မှ ၁၉ နှစ်ရွယ်တပ်ဖွဲ့ဝင် တဦးကျဆုံး

ဓါတ်ပုံ- CNDF ဘက်မှကျဆုံးတပ်ဖွဲ့ဝင်ဆလိုင်းလားတန်ပီး

ကလေး၊ ဖေဖာ်ဝါရီ ၈၊ ၂၀၂၂။

ကလေးတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် ထိတွေ့တိုက်ပွဲ ၄ ကြိမ်မြောက်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား ၃၇ ဦးသေဆုံးခဲ့ပြီး CNDF မှ ၁၉နှစ်အရွယ် တပ်ဖွဲ့ဝင် ဆလိုင်းလားတန်ပီး ကျဆုံးခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ကလေးနည်းပညာတက္ကသိုလ်ဘက်မှ ကလေးမြို့ဘက်သို့ ဦးတည်ထွက်ခွါလာပြီး ဇင်းကလင်းရွာနှင့် ချင်းဆိုင်ရွာအကြား ရပ်တန့်ကာ လမ်းလျှောက်ချီတက်လာစဉ် မိုင်းဆိုင်းတိုက်ခိုက်ခံရကာ နေရာတွင် ၁၅ ဦးသေဆုံးခဲ့ပြီး ဆေးရုံအရောက်တွင် ၅ ဦးထပ်မံသေဆုံးခဲ့ကြောင်း People's Defence Force (Kalay) ထံကသိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့တိုက်ပွဲတွင် တပ်ဖွဲ့ဝင် ဆလိုင်းလားတန်ပီး ကျဆုံးရသည့်အခြေနေနှင့်ပတ်သက်၍  "သူ့ရဲ့အဒေါ်နဲ့နေတာပေါ့နော်၊ အမေတော့မရှိဘူး၊ အဖေတော့ရှိတယ် ၊သူ့အ‌ဖေကချင်းတောင်ပေါ်မှာနေတယ်၊သင်္ဂြိုလ်ဖို့ကိစ္စကတော့မနေ့ညက ကျနော်တို့ရဲ့ကျဆုံးသွားတဲ့ရဲဘော်ရဲ့အလောင်းကို ကျနော်တို့ကအမိန့်ပြန်ပေးပြီးသွားပြီပေါ့နော်၊ သူ့ရဲ့ဇာတိအထိကို ယူခဲ့ပေးပါပေါ့နော်၊ ကျနော်တို့မျက်နှာလေးတော့မြင်ချင်တယ်ဆိုတော့ ကျနော်တို့ကညတွင်းချင်းပဲ ခြေလျင်နဲ့ပို့တယ်၊ လမ်းဘေးလမ်းတွေ စကစတွေရှိနေတော့ ကျနော်တို့ကထမ်းပြီး ပို့ပေးတယ်၊သင်္ဂြိုလ်ဖို့ကိစ္စတွေကြတော့ သူတို့ရဲ့အမျိုးထဲကပေါ့နော် ရွာခံလူတယောက်ကိုအပ်ထားလိုက်တယ်၊" ဟု CNDF တပ်ရင်းမှူး အားလင်က‌ မြေလတ်အသံကိုပြောပါသည်။

အဆိုပါနေ့တွင် ကလေးမြို့နေရာများ၌ စစ်ကောင်စီယာဉ်တန်းများကို မိုင်းဆွဲတိုက်ခိုက်ခြင်း ထိတွေ့တိုက်ပွဲများ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးခဲ့ခြင်းပြီး ကျဆုံးခဲ့သူ CNDF တပ်ဖွဲ့ဝင်ကို ည ၉ နာရီခန့်တွင် ဂူသွင်းသင်္ဂြိုလ်ခဲ့ပြီးကြောင်း ၎င်းကထပ်မံပြောသည်။

"ဂူတွေကုန်ကြစရိတ်တွေအားလုံးမှတ်ထားပေးပါပေါ့နော် အဲလိုလေး ကျနော်တို့အနေနဲ့နစ်နာကြေး ဆိုတာထက်ရဲဘော်တယောက်ကိုကျနော်တို့က ဂရုစိုက်တဲ့အနေနဲ့သတ်မှတ်ထားတဲ့ငွေရေးကြေးရေးတော့ရှိတယ်၊ သူ့ရဲ့ဇာပနအတွက်ပေါ့နော် ကုန်ကျစရိတ်လေးတွေအတွက်အာားလုံးကိုကျနော်တို့ကတာဝန်ယူပေးတယ်ပေါ့နော်၊ တတ်နိုင်သလောက်လည်းပေါ့နောက် သူ့ရဲ့မိသားစု သူ့ရဲ့အဒေါ်တွေကိုလည်းတတ်နိုင်သလောက်တာဝန်ယူသွားဖို့ တတ်နိုင်သလောက်ထောက်ပံ့သွားဖို့ကို ကျနော်တို့အစီအစဉ်တွေရှိတယ်ဗျ" ဟု CNDF တပ်ရင်းမှူး အားလင်က‌ပြောသည်။

ဇန်နဝါရီလအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၈၁ ဦးသေဆုံး၊ ဒဏ်ရာရသူ ၆၀ ကျော်နှင့် CNDF ဘက်မှ တပ်ဖွဲ့ဝင်တဦး ကျဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယင်းအဖွဲ့ကထုတ်ပြန်ထားသည်။


မြေလတ်အသံ - Myaelatt Athan 

ကလေးမြို့ ၂ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၇ ဦးသေဆုံးပြီး CNDF မှ ၁၉ နှစ်ရွယ်တပ်ဖွဲ့ဝင် တဦးကျဆုံး ကလေးမြို့  ၂ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၇ ဦးသေဆုံးပြီး CNDF မှ ၁၉ နှစ်ရွယ်တပ်ဖွဲ့ဝင် တဦးကျဆုံး Reviewed by THITHTOOLWIN on 21:26 Rating: 5

No comments:

Powered by Blogger.