ကလေးတွင်တိုက်ပွဲ ၃ ကြိမ်ဖြစ် စစ်ကောင်စီဘက်က ၁၇ ဦးသေဆုံးပြီး CNDF ရဲဘော်တဦးကျဆုံး


ကလေး၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၂။

ကလေးမြို့နယ်အတွင်းစစ်ကောင်စီယာဉ်တန်းအား ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်  ကလေးPDFအဖွဲ့များကပဒေသာမိုင်းများဖြင့် ၃ ကြိမ်ဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁၇ ဦးသေဆုံးပြီး CNDF ရဲဘော်တဦးလက်နက်ကြီးထိ၍ သေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း People's Defence Force Kalay တာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။

ယာဉ်တန်းတွင် ကား (၈) စီးပါဝင်ကာ စပါးတင်ကား၊ နွားတင်ကား၊ တပ်သားများသယ်လာသောကား များဖြစ်ပြီး မနက် ၁၀ နာရီခွဲခန့်တွင် အောင်ချမ်းသာနဲ့ချောင်းဂွကြားတွင် စတင်မိုင်းဆွဲတိုက်ခိုက်ကြခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

"ကလေးမြို့ဘက်ကို သူတို့ရိက္ခာတွေပို့ချင်တယ်လို့ယူဆပါတယ်၊ဒီကားတွေကလည်းပြီးခဲ့တဲ့အပတ်တုန်းကလည်း ကလေးမြို့ဘက်ကနေတောင်ပိုင်းကိုသွားတဲ့ကားတွေပါ၊သူတို့ကမ္ဘာနီထိရောက်ပြီးတော့မှကမ္ဘာနီကနေပြီးမှရန်ကြီးအောင် ရန်ကြီးအောင်မှာက စစ်ကောင်စီရဲ့စခန်းရှိတယ်ပေါ့နော်၊အဲဒီရန်ကြီးအောင်ကနေပြီး စပါးကားတွေနွားကားတွေနဲ့ပြန်လှည့်တာပေါ့နော်၊ရန်ကြီးအောင်မှာညအိပ်ပြီး ဒီမနက်မှာထွက်လာတာပါခင်မျ၊ အောင်ချမ်းသာနဲ့ချောင်းဂွကြားမှာကျနော်တို့စဆွဲတယ်၊မိုင်းဆွဲတဲ့တပြိုင်နက်ထဲကျနော်တို့ပစ်ခတ်တိုက်ခိုက်မှုလုပ်တယ်၊မိုင်းဆွဲတိုက်ခိုက်မှုကောတိုက်ပွဲအနေအထားကောဖြစ်ခဲ့တာပါဗျ၊အံဒီမှာတော့ စစ်ကောင်စီတွေဘက်က ၉ ဦးသေတယ်၊ကျနော်တို့ဘက်ကCNDFတပ်ဖွဲ့မှရဲဘော်တဦးလက်နက်ကြီးထိမှန်ပြီးကျပါတယ်၊ ကျနော်တို့ရဲဘော် ၅ ဦးထိခိုက်ဒဏ်ရာရပါတယ်၊" လို့ People's Defence Force Kalay တာဝန်ခံကပြောပါတယ်။

တိုက်ခိုက်ခံရသော ယာဉ်တန်းဟာ ကလေးဘက်ကို ဆက်ရွေ့သွားပြီး နေ့လည် ၂ နာရီကျော်ခန့်တွင် နတ်မြောင်းနဲ့ စည်သာရွာကြား တွင် ၂ ကြိမ်ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း သိရပါတယ်။

"ယာဉ်တန်းနဲ့ဆိုပေမဲ့သူတို့ကစစ်ကြောင်း သဘောမျိုးခြေလျင်လျှောက်လာပြီဖြန့်တက်လာတယ်၊ နောက်ကနေကားတွေကလာတယ်၊ အဲဒီနေရာမှာမိုင်းဆွဲတိုက်ခိုက်လိုက်တာပါ၊ အဲဒါပြီးထိတွေ့မှုလည်းဖြစ်ကြတာပါ၊ ဒီနေ့ ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုနဲ့အပြန်အလှန်တိုက်တာတွေပေါ့" လို့ People's Defence Force Kalay တာဝန်ခံကပြောပါတယ်။

စစ်ကောင်စီယာဉ်တန်းများအား PDF Kalay၊ CNDF၊လCDF(KKG)၊ RKDFနှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။


မြေလတ်အသံ - Myaelatt Athan

ကလေးတွင်တိုက်ပွဲ ၃ ကြိမ်ဖြစ် စစ်ကောင်စီဘက်က ၁၇ ဦးသေဆုံးပြီး CNDF ရဲဘော်တဦးကျဆုံး ကလေးတွင်တိုက်ပွဲ ၃ ကြိမ်ဖြစ် စစ်ကောင်စီဘက်က ၁၇ ဦးသေဆုံးပြီး CNDF ရဲဘော်တဦးကျဆုံး Reviewed by THITHTOOLWIN on 23:33 Rating: 5

No comments:

Powered by Blogger.