အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချူပ်ရေးယန္တရားလည်ပတ်နိုင်ရန် ပံ့ပိုးပေးနေသော ချင်းလဲန်းအတွင်းရှိ ဝန်ထမ်းများအနေဖြင့် ပါဝင်ပါတ်သတ်မှုမရှိရန် CJDC မှ ပြင်းထန်စွာ သတိပေးလိုက်သည်


CJDC မှ ထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီများသည် ဖေဖော်ဝါရီလ (၁)ရက်နေ့၂၀၂၁ ခုနှစ်တွင် ၎င်းတို့၏  ကိုယ်ကျိူးအာဏာအတွက် ပြည်သူလူထုထံမှ နိုင်ငံတော်အာဏာသိမ်းယူရန် ကြိုးစားခဲ့သည်မှာ တစ်နှစ်တင်းတင်းရှိခဲ့ပြီဖြစ်သည်။ပြည်သူလူထုထံမှ အာဏာသိမ်းယူရန်ကြိုးစားနေသည့် အကြမ်းဖက်စစ်ကောင်စီအား Chinland Joint Defense Committee (CJDC) အနေဖြင့် ပြင်းထန်စွာ ရှုတ်ချပါသည်။

အကြမ်းဖက်စစ်ကောင်စီများမှ အာဏာသိမ်းယူရန်ကြိုးစားသည်မှာ တစ်နှစ်တင်းတင်းရှိပြီဖြစ်သော်ငြားလည်း အာဏာရှင်စနစ်ကိို တတ်နိုင်သည့်ဖက်မှာ တော်လှန်နေကြသည့် CDM ဝန်ထမ်းများအား လေးစားဂုဏ်ယူကြောင်း ဖော်ပြပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချူပ်ရေးယန္တရားလည်ပတ်နိုင်ရန် ပံ့ပိုးပေးနေသော ချင်းလဲန်းအတွင်းရှိ ဝန်ထမ်းများအနေဖြင့် ပါဝင်ပါတ်သတ်မှုမရှိရန် CJDC မှ ပြင်းထန်စွာ သတိပေးလိုက်သည်။

ယခုအခါတွင် အကြမ်းဖက်စစ်ကောင်စီများမှ ချင်းလဲန်းအတွင်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိသောကြောင့် ချင်းလဲန်းအတွင်းရှိ ချင်းပြည်သူများစွာ စစ်ဘေးတိမ်းရှောင်နေရပါသည်။

ချင်းတမျိူးသားလုံးအနေဖြင့် ချင်းပြည်ထောင်ပြန်လည်ထူထောင်နိုင်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီအား ဥမကွဲ၊သိုက်မပျက် ဆက်လက်တော်လှန်ကြရန် နှိုးဆော်အပ်ပါသည်။

ချင်းလူမျိူးများ၏ နေ့ထူးနေ့မြတ်ဖြစ်သော ချင်းအမျိူးသားနေ့လည်း ရောက်ရှိလာတော့မည်ဖြစ်ရာ အကြမ်းဖက်စစ်ကောင်စီမှကျင်းပပြုလုပ်သည့်ပွဲတွင် ​ပါဝင်မှုမရှိပဲ မိမိတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် အဓိပ္ပါယ်ရှိရှိ မိမိတို့ကိုယ်တိုင် ကျင်းပပြုလုပ်ကြရန်နှိုးဆော်အပ်ပါသည်။ အကြမ်းဖက်စစ်ကောင်စီမှ ပြုလုပ်ကျင်းပမည့် ပြည်ထောင်စုနေ့အားလည်း ချင်းလဲန်းအတွင်းရှိ ချင်းပြည်သူများအားလုံး ပါဝင်မှုမရှိရန် သတိပေးပါသည်။

 CJDC မှလည်း ချင်းပြည်ထောင်ပြန်လည်ထူထောင်ရန်နှင့် ချင်းလဲန်းအတွင်းရှိ ချင်းတမျိူးသားလုံး၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရနိိုင်ရန် အကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်းသွားမည် ဖြစ်သည်။


𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬

အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချူပ်ရေးယန္တရားလည်ပတ်နိုင်ရန် ပံ့ပိုးပေးနေသော ချင်းလဲန်းအတွင်းရှိ ဝန်ထမ်းများအနေဖြင့် ပါဝင်ပါတ်သတ်မှုမရှိရန် CJDC မှ ပြင်းထန်စွာ သတိပေးလိုက်သည် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချူပ်ရေးယန္တရားလည်ပတ်နိုင်ရန် ပံ့ပိုးပေးနေသော ချင်းလဲန်းအတွင်းရှိ ဝန်ထမ်းများအနေဖြင့် ပါဝင်ပါတ်သတ်မှုမရှိရန် CJDC မှ ပြင်းထန်စွာ သတိပေးလိုက်သည် Reviewed by THITHTOOLWIN on 22:14 Rating: 5

No comments:

Powered by Blogger.