CDM မလုပ်သည့် စစ်ကောင်စီ၏ သစ္စာခံ ဝန်ထမ်းများကို အဆင့်လိုက် အရေးယူမှုများ အရှိန်မြှင့်မည်ဖြစ်ကြောင်း သတိပေး


အကြမ်းဖက် စစ်ကောင်စီ သစ္စာခံ ဝန်ထမ်းများကို အဆင့်လိုက် အရေးမှုများ  အရှိန်မြှင့် လုပ်ဆောင်တော့မည် ဖြစ်ကြောင်း Myingyan Twenty one Guerilla Force - MTGF က ယနေ့ ဖေဖော်ဝါရီလ(၆)ရက်တွင် ထုတ်ပြန် သတိပေးလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီကို သစ္စာခံ၍ အလုပ် လုပ်နေကြသော ဝန်ထမ်းများအား CDM ပြုလုပ်ခြင်းဖြင့် ပြည်သူလူထုနှင့်ပူးပေါင်းရန် တော်လှန်ရေးအင်အားစုများက စည်းရုံးမှုပြုလုပ်လာခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်သောကြောင့် လုံလောက်သော အချိန်အတိုင်းအတာ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုကြောင့် Myingyan Twenty one Guerilla Force - MTGFက စတင်အရေးယူသည့် အနေဖြင့် မလှိုင်မြိုနယ်အတွင်းရှိ ကျောက်တန်းကျေးရွာအုပ်ချုပ်ရေးမှူးအား ၎င်း၏နေအိမ်၌ပင် အရေးယူမှုလုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်သည်။

တော်လှန်ရေးအင်အားစုများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို သစ္စာခံသည့် မည့်သူကိုဖြစ်စေ ၎င်းတို၏ နေအိမ်များအထိ သွားရောက်ပြီး အရေးယူနိုင်စွမ်းရှိသဖြင့် အမြန်ဆုံး ပြည်သူလူထုနှင့် ပူး ပေါင်းကြရန် သတိပေးထားသည်။


Tachileik News Agency 

CDM မလုပ်သည့် စစ်ကောင်စီ၏ သစ္စာခံ ဝန်ထမ်းများကို အဆင့်လိုက် အရေးယူမှုများ အရှိန်မြှင့်မည်ဖြစ်ကြောင်း သတိပေး CDM မလုပ်သည့် စစ်ကောင်စီ၏ သစ္စာခံ ဝန်ထမ်းများကို အဆင့်လိုက် အရေးယူမှုများ အရှိန်မြှင့်မည်ဖြစ်ကြောင်း သတိပေး Reviewed by THITHTOOLWIN on 22:49 Rating: 5

No comments:

Powered by Blogger.